စာစဉ် ၄ ( ၁၃ + ၁၄ )
17.8K 2.2K 62
Book. : 4
Chapter. : 13 + 14
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၁၃ : မင်း လူမှန်ကို ခ,မိသွားပြီ
" သခင်လေး ၉ ၊ ဒါက....? "
တစ်ယောက်ယောက် သူ့အား မေးမြန်းဖို့ ကြိုးစားလိုက်မိစဉ် ။
စီရီဟန် ဆိုသည်မှာ သူ့ကိုယ်ရေးကိုယ်တာကိစ္စအကြောင်း ။ စပ်စုကြခြင်းကို မုန်းတီးသူဖြစ်သည်ကို အမှတ်ရမိသွားလိုက်ရာ ထိုလူသည် ချက်ချင်းပင် မေးမိသွားသည်ကို နောင်တရသွားမိခိုက် ။
" ချစ်သူ "
ဒီစကားတစ်ခွန်းကို ကြားလိုက်ရချိန် ။
အခန်းထဲက လူတိုင်း ရှော့ရသွားကြလေပြီ ။
ချစ်သူ ?
ဒါက ရိုးရိုးမိန်းကလေး ဟုတ်ဘူးလား !
သူမသည် ရိုးရိုးသာမန်မိန်းကလေးသာဟု သူတို့အားလုံး ထင်ခဲ့ကြခြင်း။
ဒီကောင်ကတော့လေ အားလုံးရဲ့အရှေ့မှာ ထုတ်ကြွားချင်လို့ကို သက်သက်မဲ့ ရီဝမ်ဝမ်ကို ခေါ်လိုက်တာမှတ်လား ?
ချွေ့ဟောင် ။ သူ့နဖူးထက်မှ ချွေးအေးတို့ကို သုတ်လိုက်ပြီး သခင်လေး ၉ ထံမှ မျက်နှာသာရဖို့ရာ မြန်မြန် ကြိုးစားလာတော့ပြီ ။
" အားရားရား ။ သခင်လေး ၉ က မိန်းမတွေနဲ့ ရင်းရင်းနှီးနှီးနေခဲလှတာ မဆန်းတော့ပါဘူးဗျာ —— သခင်လေးမှာက အိမ်ထဲမှာ ဖွက်ထားတဲ့ ချစ်သူချောချောလေး ရှိနေပြီးသားကိုး ! သခင်မလေးရဲ့နာမည်လေးများ သိခွင့်ရှိမလား ခင်ဗျာ ? "
" မင်္ဂလာပါ အားလုံးပဲ ။ ကျွန်မရဲ့မျိုးရိုးနာမည်က ရီ ပါ "
ရီဝမ်ဝမ် ။ သူတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏ ။
ရီ....?
ချက်ချင်းပင် ။ လူတိုင်း အင်ပါရီယာမြို့တော်ထဲက ရီ မျိုးရိုးရှိသည့် တော်ဝင်မိသားစုအားလုံးကို အပြေးအလွှား စဉ်းစားကြလေပြီ ။