Book. : 4
Chapter. : 17
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၁၇ : ငါ နင်နဲ့ ပူးပေါင်းမယ်
ကျောင်းက ရေကန်လေးနံဘေးတွင် :
ကျန်းယန်ရန် ။ နှစ်နာရီနီးပါး အဲဒီမှာ ထိုင်နေခဲ့ပါ၏ ။
ထိုတစ်ချိန်လုံးလုံး စုန့်ကျီဟန် သူမအား သတိပေးလိုက် ၊ ခြိမ်းခြောက်လိုက်ဖြင့် အကြိမ်များစွာ ဖုန်းဆက်ပြောလာခဲ့ပါ၏ ။
စုန့်ကျီဟန်၏ သူမအပေါ် စိတ်ပျက်မှု ၊ မနှစ်မြို့မှုတို့အကြောင်း သူမ စဉ်းစားလိုက်မိသည့်အခါ သူမရဲ့နှလုံးသားကို ဓားတစ်ချောင်းနှင့် ထိုးဆွနေသလို ခံစားလိုက်ရပါ၏ ။
သို့ပေသော်လည်း ။ ထိုပို့စ်ကို သူမအား ဖျက်ခိုင်းသည်ကတော့ —— သူမ ဘယ်လိုလုပ် လွယ်လွယ်လေးနဲ့ လက်ခံပေးရမှာလဲ ?
သူမ လွန်ဆွဲနေရင်း သူမရဲ့ဖုန်းကို ပွတ်လိုက်ရာ ပို့စ်အောက်တွင် ၀င်ပြောထားသည့် စာအသစ်ကို မြင်လိုက်ရပြီး ။ ချက်ချင်းပင် ။ သူမမျက်လုံးအိမ်တို့ ကျုံ့သွားရပါတော့၏ ။
" ကျွန်တော် သူမကို ကျွန်တော့်ရဲ့အိမ်မက်တွေထဲမှာ အကြိမ်တစ်ထောင်လောက် လိုက်ရှာနေခဲ့တယ် ".....
ဒီရင်းနှီးလှသည့် အိုင်ဒီနာမည်သည်ကား သေချာပေါက် စုန့်ကျီဟန်တည်း ။
ကျွန်တော် သူမကို ကျွန်တော့်ရဲ့အိပ်မက်တွေထဲမှာ အကြိမ်တစ်ထောင်လောက် လိုက်ရှာနေခဲ့တယ် : [ အားလုံးပဲ ၊ ကျွန်တော်က စုန့်ကျီဟန် ပါ ! ပထမဦးဆုံး ပြောချင်တာက ကျွန်တော် နဲ့ ကျန်းယန်ရန်မှာ ဘာပတ်သက်မှုမှ မရှိကြပါဘူး —— စေ့စပ်ထား တယ် ဆိုတာကလည်း ကျွန်တော်တို့နှစ်မိသားစုကြားက အချင်းချင်း စနောက်ပြောဆိုနေကြတာပါ ။ သူမလိုမျိုး အလှနတ်သမီးလေးကို ကျွန်တော်ကပဲ မနမ်းဘဲ မနေနိုင်ခဲ့တာပါ ။ ဘွဲ့ရပြီးမှ တွဲကြမယ်လို့ လည်း မန်ချီ ကျွန်တော့်ကို မဆိုခဲ့ပါဘူး ။ စာကိုပဲ ကြိုးစားချင်တယ် လို့သာ သူမ ပြောခဲ့တာပါ ။ တတိယက ၊ ကျွန်တော် ဟိုးအစထဲက ကြိုက်လာခဲ့တာက တစ်ယောက်ထဲပါ ။ သူကတော့ ရှန်းမန်ချီ ပါ ! တကယ်လို့ ပြောစရာတစ်ခုခု ရှိကြတယ်ဆိုရင် ကျွန်တော့်ဆီသာ လာခဲ့ကြပါ ။ အပြစ်ကင်းတဲ့သူတွေကို နာကျင်ရအောင် မလုပ်ပါနဲ့ ! ]
VOUS LISEZ
Roman d'amour"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...