စာစဉ် ၄ ( ၁၁ + ၁၂ )
18.1K 2.3K 90
Book. : 4
Chapter. : 11 + 12
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၁၁ : ပိုးသတ်ဆေးရှိလား
ဝမ် မိသားစု၏ ကံကြမ္မာအကြောင်းကို စဉ်းစားမိလိုက်ရာ —— နောက်ဆုံးတွင်တော့ ချွေ့ဟောင် ။ သူ့ရဲ့ကံကြမ္မာကိုပါ နားလည်သွား ပြီမို့ သေတော့မတတ်မျက်နှာလေးဖြင့် စီရီဟန်ထံ ခွင့်လွှတ်ပေးဖို့ရာ မြန်မြန် တောင်းဆိုတော့ပြီ ။ " သခင်လေး ၉ ! ကျွန်တော် မှားသွားပါ တယ် ! သင်ခန်းစာရပါပြီ ! သခင်လေးရဲ့စည်းမျဉ်းကို ကျွန်တော် မချိုး ဖောက်ခဲ့သင့်ဘူး ! ဒါ.... အဲဒီမိန်းမကို သခင်လေး လုပ်ချင်သလိုသာ လုပ်ပါ ! သခင်လေ စိတ်တိုင်းကျ လုပ်ပါခင်ဗျာ ! "
သူ တွေးထားခဲ့မိသည်ကား ဒီမိန်းမကြောင့် သူနဲ့ အကျိုးတူစီပွားရေး လုပ်ငန်းလေးတွေ လုပ်ဆောင်ခွင့် ရလာလိမ့်မည်ဟု ။ ထို့ကြောင့် သူမကို စီရီဟန်ထံ ထိုးကျွေးဖို့ရာ အသုံးချခဲ့ခြင်း ။
သူသည် သူ၏ကံကြမ္မာကို ကိုယ်တိုင် ဖျက်ဆီးပစ်နေခြင်းဟုတော့ ဘယ်သူ သိခဲ့ပါ့မလဲ ။
စီရီဟန်သည်လည်း ယောက်ျားတွေထဲက ယောက်ျားတစ်ယောက် မဟုတ်ပါလော ? ဒီလောက်ထိ ချောပေ့ လှပေ့ အမျိုးသမီးနှင့် ရင်ဆိုင်နေရတာတောင် သူသည် ယခုထိ လုံးဝကို ထူးခြားမှုရှိမလာ !
ဒါကို ကြားလိုက်သည်နှင့် မိန်းကလေး၏မျက်နှာတစ်ခုလုံးသည် မယုံကြည်နိုင်လေဟန် ၊ စက်ဆုပ်သွားမိလေဟန် ။ သူမသည်
ဤကဲ့သို့ အရောင်းစားခံလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ခြင်းမို့ ။ သို့သော်လဲ သူမရဲ့အဆင့်ဖြင့် သူမကိုယ်သူမ ကာကွယ်နိုင်ဖို့ရာ မတတ်နိုင်သည်မို့ ။ သူမ ကြမ်းပြင်ပေါ်သာ ပုံလျက်လဲကျသွားပြီး စက်ဆုပ်စွာသာ ငိုရှိုက်နေမိတော့သည် ။
ထိုအချိန် ။ ဆိုဖာပေါ်တွင် ။ ပိုးသတ်တစ်ရှူးနှင့် သူ့ရဲ့လက်ခုံကိုသာ မနားတမ်း သုတ်နေသည့် လူကြီးသည် ။ ရုတ်တရက် ။ လှည့်လာပြီး တံခါးဆီသို့ ကြည့်လိုက်ပါ၏ ။