Chapter. : 71 + 72
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၇၁ : အနည်းဆုံးတော့ သူမကို ချော့ရမှာပေါ့
သူမ အချိန်အကြာကြီး ထိန်းထားခဲ့ရလို့ ဖြစ်မည် ။ သူမ အရင်ဘ၀က ရှိခဲ့သည့် မကောင်းတဲ့ ခံစားချက်တွေနဲ့ လက်ရှိဘ၀က ခံစားချက်တို့ အဲဒီအခိုက်မှာ လွတ်ထွက်သွားတော့သည်။ ရီဝမ်ဝမ် အငိုကျွေး မရပ်ခဲ့။နာရီဝက်ကျော် ငိုလာခဲ့ပြီးတာတောင် ရပ်မည့်အရိပ်အယောင် မရှိသေး။
စီရီဟန် ထွက်သွားတာကို သတိထားမိသည်နှင့် အနောက်ကနေ လိုက်လာသည့် ရွှီရီ ။ ထိုအချိန် တံခါးဝတွင် မတ်တပ်ရပ်လို့ နေရင်း။
ရီဝမ်ဝမ် ဆိုးဆိုးဝါးဝါးကြီး ငိုနေတာကို စောင့်ကြည့်နေရင်း သူကိုယ်တိုင်လည်းပဲ အပြစ်မကင်းသလို ခံစားလာရပါ၏ ။
ဒီတစ်ခေါက်ကား သူတို့ တကယ်ကြီး သူမအပေါ် အထင်လွဲခဲ့မိတာ ။ ရှင်းပြခွင့်တောင် မပေးခဲ့ဘဲ သခင်ကြီး သူမကို ကြောက်လန့်သွားစေ ခဲ့မိတာ ။ သူမမှာတော့ စေတနာတို့ ဗရပွဖြင့် အရာအားလုံးကို လုပ်ဆောင်ခဲ့ပါ၏ ။ သို့သော် သူမမှာ အထင်လွဲခြင်းသာ ခံခဲ့ရကား ။
သူမ ဘယ်လိုလုပ် ၀မ်းမနည်းဘဲ နေပါ့မလဲ ?
အမှန်တရားကို သိလိုက်ရလို့သာ တော်ပါသေးတယ် ။
ဒါမဲ့ သခင်လေး ရာ ။ သူမ ဒီလောက် ဆိုးဆိုးဝါးဝါးကြီး ငိုနေတဲ့ဟာ ။ အနည်းဆုံးတော့ သူမကို ချော့ပေးသင့်တယ် မဟုတ်ဘူးလား ?
အဲဒီမှာပဲ ရေခဲရုပ်ကြွင်းကြီးလို လုပ်နေတာကြီးက ပိုတောင် ကြောက်ဖို့ ကောင်းလွန်းနေပြီ ခင်ဗျ ?
သူ့ရဲ့ သခင်လေးအတွက်ကတော့ သူ့ရဲ့ခံနိုင်ရည်လစ်မစ်ကို ရောက်သွားလောက်ပြီ။ သူ့ရဲ့သခင်လေးက မိန်းကလေးကို ချော့မြှူနေမှာကို သူ တကယ်ပင် ပုံဖော်ကြည့်လို့ မရခဲ့ ။
အချိန်တစ်ခု ကျော်လွန်လာပြီး နောက်ဆုံးတွင်တော့ အနှီလူကြီးသည် မိန်းကလေးကို ဖက်ထားရာမှ လွှတ်ပေးလာချေပြီး ။ သူ့ရဲ့မျက်နှာသည် အေးစက်လို့ နေကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာသည်။
ESTÁS LEYENDO
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...