Chapter. : 44 + 45
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၄၄ : ငါတို့ကြားက ဆက်ဆံရေး
နောက်ဆုံးမှ သူ့ရဲ့သခင်ကြီး ပေါ်လာတော့သည်အထိ
ကားထဲမှာ ၆ နာရီကျော် စောင့်နေခဲ့ရသည့် ရွှီရီ ။
၆ နာရီကျော်......
သူ ဘာတွေ လုပ်နေခဲ့တာလဲ ?
ထုံးစံအတိုင်း မမေးရဲသည့် ရွှီရီ ။
ကား နောက်ခန်း တံခါးကို မြန်မြန်သာ ဖွင့်ပေးလိုက်ပါ၏ ။
ကားထဲ၌ ရွှီရီ နောက်ခန်းမှာ ထိုင်နေသည့် လူကို နောက်ကြည့်မှန်မှတဆင့် မစူးစမ်းဘဲတော့ မနေနိုင်။
ကားရဲ့ အနက်ရောင်တံခါးတွင် ရောင်ပြန်ဟပ်နေသည်မှာကား စီရီဟန်သည် သူ့ရဲ့နဖူးကို လက်တစ်ချောင်းနှင့် ထောက်ထားပြီး သူ့ရဲ့ခန့်ညားလှသည့် မျက်နှာမှာ အေးစက်မှုတို့ ခြုံထားလျက်။ သခင်ကြီးရဲ့အသားအရေက အရင်ကထက် ပိုကြည့်ကောင်းလာတယ်။ ဒါမဲ့ သူရဲ့အမူအရာကတော့ မကောင်းလှပါလား။
အသားအရေက ကောင်းနေပေမဲ့ အမူအရာကျတော့ ဆိုးလို့ ?
ဒီ ၆ နာရီမှာ သခင်ကြီး ဘာတွေ ကြုံခဲ့ရလို့ပါလိမ့် ?
ရည်းစားစာကိစ္စ ပြီးသွားထဲက သူတို့နှစ်ယောက်ကြား ငြိမ်းချမ်းနေခဲ့တာပါ။
ရည်းစားစာကိစ္စကို စဉ်းစားမိသွားသည်နှင့် မျက်မှောင် ချက်ချင်း ကြုတ်မိသွားသည့် ရွှီရီ။
တွန့်ဆုတ်တွန့်ဆုတ်လုပ်ပြီးနောက် သူ မမေးဘဲ မနေနိုင်တော့။
" သခင်ကြီး ။ ရှန်းမန်ချီကို အနားမှာ ဆက်ထားချင်သေးတုန်းပဲလား ?"
သူကား ထိုမိန်းမရဲ့ နောက်ကြောင်းကို စစ်ဆေးထားပြီးသားပင် —— သူမရဲ့ဖခင်သည် ကုမ္ပဏီအသေးလေးတစ်ခုရဲ့ သူဌေးဖြစ်ပြီး ရီမိသားစုနှင့်လည်း စီပွားရေးငယ်လေးတွေ ဆက်ဆံမှု ရှိပါ၏ ။ အစဦးတွင် သခင်ကြီး ရှန်သည် ရီရှောင်ထင်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်စေရန် ရှန်းမန်ချီအား
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...