စာစဉ် ၄ ( ၂၅ )
16K 1.9K 18
Book. : 4
Chapter. : 25
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၂၅ : စာတစ်စောင် ပို့လိုက်
ရီဝမ်ဝမ် ။ သူမ ထိုင်ဖော်ထိုင်ဖက်ကြီးရဲ့အမူအရာကို သတိမပြုမိဘဲ ။ ငြိမ်းချမ်းစွာသာ အိပ်မောကျသွားလေပြီ ။
အံ့ဩဖွယ်ကောင်းသည့် အိပ်မက်ကို သူမ မြင်မက်ခဲ့ရပါ၏ ။
သေနတ်သံတွေ ၊ ပေါက်ကွဲသံတွေ ၊ အော်ဟစ်နေကြသံတွေ နေရာတိုင်း....
သူမ မြင်မိသည်ကား နေရာအနှံ့ဝယ် သွေးသံရဲရဲတွေ ၊ ပစ်ခတ်နေကြတာတွေ ။
သူမသည် တော်တော်လေးကို အားအင်ကုန်ခမ်း မောပန်းနေပေမယ့် ဆက်ပြေးပြီးရင်း ပြေးနေခဲ့ရသည် ။
သူမရဲ့ပတ်ပတ်လည်တွင် ကြောက်လန့်နေကြသည့် လူတွေကအပြည့်။ သူမဘေးနားက လူတွေ ဆက်တိုက်ဆိုသလိုပင် သေဆုံးသွားခဲ့ကြပြီး နောက်ဆုံးတွင်တော့ သူမအလှည့် ! သေခြင်းတရားရဲ့အငွေ့အသက်တို့ နီးကပ်သထက် နီးကပ်လာရင်း ။
ဘယ်လောက်ကြာကြာ ပြေးခဲ့မိသလဲ သူမ မသိတော့ ။
သို့သော် လမ်းသည်ကား ဆုံးသည်ကိုမရှိ.....
နောက်ဆုံးတွင်တော့ ။ သူမ လမ်းဆုံးကို ရောက်သွားခဲ့ချေပြီ ။
အရှေ့တွင် ကျောက်ဆောင်ကြီးတစ်ခုသာလျှင် ရှိပါတော့၏ ။
သူမ၏အနောက်တွင် အနက်ရောင် လေမုန်တိုင်း ၊ သူမ၏အရှေ့ဘက် တွင် လူသတ်ငွေ့တို့ ဖြာထွက်နေသည့် အငွေ့အသက်ကြီးတစ်ခု ။ သူမထံ နီးကပ်သထက် နီးကပ်လာရင်း....
သူမကား နောက်ဆုတ်လို့လည်း မရတော့ပြီမို့ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး အဲဒီလူတွေရဲ့လည်ဇက်တွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်ခုတ်ပါတော့သည်....
သွေးတို့သံတို့ မြေကြီးပေါ် စွတ်စိုပွယောင်းသွားတော့လျက်....