အခန်း ၈၃ + ၈၄
18.4K 2.1K 16
Chapter. : 83 + 84
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၈၃ : လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ
ရီဝမ်ဝမ် ဆင်ခြင်ဥာဏ်မရှိဘဲ ပြောချလိုက်သည့် စကားတစ်ခွန်းသည် သူမကို ဒီလိုဒုက္ခကြီးထဲ ရောက်သွားစေလိမ့်မည်ဟု ရှန်းမန်ချီ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးရကား ။ သူမကို နေရာမှာတင်ပင် အမှုန့်ကြိတ်ပစ်ချင်စိတ်တို့ ပေါက်သွားတော့၏ ။
သို့သော် လူအများရှေ့မှာ အားလုံး ပွင့်ကျသွားခြင်း ဖြစ်နေတာမို့ သူမဒေါသကို မြိုသိပ်ကာ လေပြေထိုးရုံသာ တတ်နိုင်တော့၏ ။
" ယန်ရန် ။ ငါပြောတာ နားထောင်ပါဦး ။ နင် ထင်နေသလို မဟုတ်ဘူး ! အဲဒီနေ့က စုန့်ကျီဟန်နဲ့ ငါ အတူရှိနေတယ်ဆိုတာက အကြောင်းပြချက်ရှိတယ် ။ ငါ နင့်အတွက် လုပ်ပေးခဲ့တာ.... "
" အိုး ။ ဒီတော့ အဲဒီနေ့က သူနဲ့အတူတူ ရှိနေခဲ့တဲ့သူက တကယ်ပဲ နင်ပေါ့ ! နင် အဲဒါကို ၀န်ခံတယ်ပေါ့ ? စုန့်ကျီဟန် တစ်လျှောက်လုံး ကြိုက်လာခဲ့တဲ့သူက နင်ပေါ့ ! "
ရုတ်တရက် ဒေါသသံသွမ်းကာ ရယ်ချလာသည့် ကျန်းယန်ရန် ။
" ဟား....ဟားဟား.... ရှန်းမန်ချီ.... ငါ့မှာတော့ ငါ့ရဲ့ခံစားချက်တွေကို အရူးတစ်ယောက်လိုပဲ နေ့တိုင်းကို နင့်ကို ပြောပြခဲ့တယ်.... စုန့်ကျီဟန် ကြိုက်ခဲ့တဲ့ မိန်းကလေးရဲ့ ပုံစံအပေါ် ငါ့ရဲ့အတွေးတွေကိုလည်း ပြောပြခဲ့တယ်....
ဒါက ငါ ဒီလောက်တောင် ရူးအနေပါတယ် ဆိုပြီး နင် ရှုစားဖို့အတွက် င့ါမှာ ဖျော်ဖြေပေးနေခဲ့ရတာလား ? သူ ကြိုက်နေတဲ့သူက နင် ဖြစ်နေ တဲ့အချိန်မှာ ငါ့မှာတော့ သူ့ကို သေလုမတတ် ချစ်မြတ်နိုးနေရပါတယ် ဆိုပြီး နင် ဟားတာကို ခံရဖို့လား ? နင် သိပ်ကို ကျေနပ်အားရနေခဲ့မှာ ပေါ့လေ ?
ငါ့ရဲ့မွေးနေ့မှာ ငါ သူ့ကို ချစ်နေကြောင်း ၀န်ခံဖို့ အချိန်အကြာကြီး ပြင်ဆင်ထားခဲ့ရတာကို နင် သိတယ် ။ ညပေါင်း မရေမတွက်နိုင် လောက်အောင်ကို အိပ်မပျော်နိုင်ခဲ့ရလောက်တဲ့အထိ ငါ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ရတာကိုလည်း နင် သိတယ် ။ နင် အားလုံးကို သိနေပါရက်နဲ့ ။ ငါ့ရဲ့နောက်ကွယ်မှာ အဲဒီနေ့က သူနဲ့အတူ လျှောက်လည်ခဲ့ပြီး အခုမှ ဒါက ငါ့အတွက် လုပ်ပေးနေခဲ့တာပါလို့