စာစဉ် ၄ ( ၃၅ )
15.9K 2K 70
Book. : 4
Chapter. : 35
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၃၅ : ရှင် မကြာခင် တွေ့ရတော့မှာပါ
ရုတ်တရက် ။ ကျင်းရှူမှ ယောက်ျားလေးများအားလုံး ။
စိတ်လှုပ်ရှားစွာဖြင့် သံပြိုင်ဟစ်အော်ကြလေပြီ ။
" ၀ိုး ၀ိုး ၀ိုး ၀ိုး "
" အားရိုး ! ငါလခွမ်း ! ချူဖုန်း ၊ မင်းက သူမကို ၀ှက်ထားတယ်
ပေါ့လေ ? ! မင်း ဒီနေ့ ထူးထူးဆန်းဆန်းကြီးတွေလုပ်နေတာက အသည်းကွဲနေတာမဟုတ်ဘဲ ရည်းစားပူမိပြီး မင်းကောင်မလေး
ဆီပဲ စိတ်ရောက်နေလို့ပေါ့လေ ! "
" ဒီကောင် ခုနက ပရိသတ်တွေဘက်ပဲ လှည့်လှည့်ကြည့်နေတာ မထူးဆန်းတော့ဘူး ! "
"ကောင်မလေး ။ဒီကောင့်ရုပ်ရည်ကြောင့်နဲ့တော့ အရူးလုပ်မခံလိုက်နဲ!"
" အားလုံးပဲ တိတ်ကြစမ်း ! "
ချူဖုန်း ။ ဒေါသတကြီးဖြင့် ထိုလူတွေကို စိုက်ကြည့်လိုက်ပါတော့၏ ။
" ကျွန်မ အခု သွားတော့မယ်နော် ။ သူငယ်ချင်း စောင့်နေလို့ " ကျန်းယန်ရန် ဆိုလာလေရာ ။
ချူဖုန်း ။ စိတ်မပျော်မရွှင် ဖြစ်သွားတော့ပြီး ။
စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ပါ၏ ။
" ဒါဆို.... နောက်မှ တွေ့မယ် ? "
" အင်း " ကျန်းယန်ရန် ခေါင်းညိတ်လိုက်ပါပြီ ။
အဲဒီ " အင်း " ဆိုတာကို ကြားလိုက်ရသည့်အချိန်မှ ။ ချူဖုန်းရဲ့နှလုံးသားလေးသည် ကမ္ဘာမြေကြီးကို လှည့်ပတ်နေရာမှ နောက်ဆုံးတွင် သူ့ရဲ့ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားလေတော့ပြီး ။
သူမ မှတ်မိနေတယ်ကွ ! ဒီည ဒိတ်က ရှိနေသေးတုန်းပဲကွ !
ကျင်းရှူထံက စနောက်နေသံ ၊ ဆူညံနေသံတို့နှင့် နှိုင်းစာလိုက်သော် ။ ချင်းဟော်ဘက်မှ လေထုသည်ကား ထူးဆန်းစွာပင် ငြိမ်ကျသွားတော့ လျက် ။