Book. : 5
Chapter. : 15
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၁၅ : လက်လျှော့မှာ မဟုတ်ဘူးကိုး
ကျန်းဘင် ။ ရှန်းမန်ချီရဲ့ မျက်ရည်အဖြိုင်ဖြိုင် ကျထားနေသည့် မျက်နှာလေးကို မြင်လိုက်ပြီးနောက် ပိုမိုပင် ကာကွယ်ပေးချင်လာ မိတော့ကာ ပြန်သွားဖို့ရာ ငြင်းဆန်တော့လေပြီ ။ " ကိုယ် မပြန်ဘူး ! ကိုယ် ရောက်မလာဘူးဆိုရင် မင်းကို မသေမချင်းပဲ အနိုင်ကျင့်နေကြ တော့မှာ ! ဒီကောင်စုတ်ရဲ့သရုပ်မှန်ကို လူတိုင်း သိသွားအောင်လို့ ကိုယ် ဖော်ထုတ်ပြရလိမ့်မယ် ! "
ယောက်ျားလေးနှစ်ယောက်သည်ကား တိုက်ကြက်ဖနှစ်ကောင် အပြိုင်ခွပ်ကြတော့မည့်နှယ် အပြိုင်ပြိုင်မောင်းတင်လို့နေကြပြီး ။ အလွန်တရာလည်း ဒေါသတို့ ဆူဝေလို့နေကြလေပြီ ။ သူတို့နှစ်ယောက်စလုံးသည်ကား နောက်အဆုတ်ပေးဖို့ရာ စိတ်ကူးမရှိကြသည်မို့ ရှန်းမန်ချီ သူတို့ကို မတားဆီးနိုင်လေတော့ ။ လူတိုင်းရဲ့အရှေ့မှာ သူတို့နှစ်ယောက် ခွပ်နေကြတာကိုသာ ကြည့်နေရပါတော့၏ ။
အော်ဟစ်လာပါသည့် စုန့်ကျီဟန် ။ " ပြောစမ်းပါဦး ။ ငါ့ရဲ့သရုပ်မှန်ဆိုတာ ဘာကိုပြောတာလဲ ? "
ကျန်းဘင် ကျော်ချလိုခြင်းမရှိတာမို့ နှုတ်သီးကောင်းလျှာပါးဖြင့်သာ ပြောဆိုလိုက်ပါ၏ ။ " မင်းက အိုင်တွေ့တိုင်းခြေဆေးချင်နေတဲ့ ကောင်ကွ ။ ဟျောင့် ၊ မန်ချီမှာ ရည်းစားရှိနေတာသိရဲ့သားနဲ့ မင်း သူမကို လိုက်အနှောင့်အယှက် ပေးနေတုန်းပဲ ! "
" ဟား ! ဟာသပဲ ! မန်ချီရဲ့ချစ်သူက ငါကွ ။ ဘယ်လိုလုပ်ပြီးတော့ ငါက သူမကို လိုက်အနှောင့်အယှက်ပေးနေတယ်လို့ ပြောလို့ရမှာလဲ ? မင်းကိုယ်မင်း သူ့ချစ်သူပါလို့တော့ မပြောနဲ့နော် ! " စုန့်ကျီဟန် ။ ကျန်းဘင်ရဲ့စကားတို့ကို ဂရုစိုက်ခြင်းအလျဉ်းမရှိဘဲ ရှုံ့ချလိုက်ပါ၏ ။ သူသည်ကား အူအတိုလွန်ကာ ပြသနာလာရှာနေသည့် ၊
ESTÁS LEYENDO
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...