အခန်း ၅၈ + ၅၉
19.7K 2.3K 27
Chapter. : 58 + 59
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၅၈ : မြန်မြန် အိပ်ပျော်သွားပြီ
ရီဝမ်ဝမ် သူမ အတွေးလွန်နေတာ ဖြစ်မှာပါဟုသာ တွေးလိုက်ရင်း။
သူ့ဟာသူ ဘာတွေပဲ ဖြစ်နေနေ ငါ နောက်မှာ မကျန်ခဲ့အောင် သူ့လက်ကို ကိုင်ထားတာက ပိုကောင်းမယ်။
ဒီလိုနေရာအကျယ်ကြီးမှာ တစ်ယောက်ထဲ အနောက်မှာ
ကျန်နေခဲ့ရရင် လမ်းပျောက်ဖို့က တအားလွယ်မှာ ။
သို့နှင့် သူ့လက်ကို သူမ ဆွဲကိုင်လိုက်သည့်အခါ ခြေလှမ်းကို လုံးဝ နှေးပစ်လိုက်တော့သည် စီရီဟန် တည်း ။ တေမိမင်းသား လုပ်ကာ စကားကိုတော့ မပြောဆဲ ။ အိမ်တော်အနှံ့ သူမနှင့်အတူ လမ်းလျှောက် လာတာ တစ်ပတ်,ပတ်လို့ ပြီးချေပြီ။
သို့သော် နောက်တစ်ခေါက် အိမ်တော်ကြီးကို ပတ်လျှောက်ဖို့ ပြင်နေပြန်သည်။ ရီဝမ်ဝမ် ဆက်မလျှောက်နိုင်တော့ရကား။
" စီရီဟန် ၊ ကျွန်မ ခြေထောက်တွေ ညောင်းနေပြီ ။
ခနလောက် ထိုင်ကြရင် မကောင်းဘူးလား ? "
စီရီဟန် သူမကို ကြည့်လာသည်။ ရပ်လိုက်ချင်ပုံတော့ မရ ။ သို့သော် အဆုံးတွင်မတော့ သူမလေးထိုင်ဖို့ရာ သစ်သားခုံတန်းရှည်လေးပေါ် ခေါ်သွားပေးခဲ့၏ ။
ရီဝမ်ဝမ် စိတ်သက်သာသွားပြီး သူ့ကို ကိုင်တွဲထားသည့် သူမလက်လေးတို့ကို ဖြုတ်ချလိုက်သည်။ သူမရဲ့ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ရင်း " ဘွားဘွားက သိပ်ကောင်းတာပဲ ။ အစတုန်းကတော့ ကျွန်မကို သဘောမကျမှာ စိုးနေခဲ့တာ "
စီရီဟန် ချက်ချင်းပင် သူ့ရဲ့ဗလာဖြစ်သွားသည့် လက်ဖ၀ားကို ကြည့်လိုက်သည်။ ပြီးတော့မှ သူ့ရဲ့အကြည့်ကို လွှဲလိုက်ကာ
" သဘောမကျစရာ မရှိဘူး "
တကယ်တော့ သူမရဲ့ အပြုအမူကောင်းတွေက အရေးပါ, ပါသော်ငြား သူမအပေါ် ဘွားဘွားရဲ့အမြင်ကို ဆုံးဖြတ်ပေးသည့် အကြီးမားဆုံး အရာမှာ စီရီဟန်အပေါ်မှာသာ မူတည်လို့နေသည် ဆိုတာကို သူမ သိပြီးသားပါ။ ဒီသစ်ပင်ကို ချစ်တဲ့သူက ဒီသစ်ကိုင်းကိုပါ အလိုလို ချစ်ပြီးသား လို့ ပြောကြသလို ။