Chapter. : 79 + 80
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၇၉ : ငါ single ရုပ် ပေါက်နေလို့လား ?
စီရှား နောက်ဆုံး မိနစ်ကျမှ အပြေးလေး သွားလိုက်ခြင်းကြောင့် ။ နောက်ဆုံးအခန်းကို ရီဟာဇယ် မလုပ်ခဲ့ရ ။ လူတိုင်းသည်လည်း ပြန်သွားကြလေပြီ ။
" သူ စီရှားကို ခြောက်လှန့်လိုက်တာပဲ ဖြစ်ရမယ် ။
အာ့ကြောင့်သာ သူ ပေါ်မလာတာ ! "
" ပြောကြည့်ရအောင်.... စီရှားက မင်းသားလေးနေရာကို လင်းဒုံကို ပေးပစ်လောက်မယ် ထင်လား ? "
" ငါကတော့ ပေးလောက်မယ်လို့ ထင်တယ် ။
တစ်ယောက်သောသူက စိတ်လိုလက်ရနဲ့ကို သူ့အတွက်
ကာဗာ လုပ်ပေးပါ့မယ် ဆိုမှတော့ဟာ အဲဒီအခွင့်အရေးကို
လက်လွှတ်ခံလိုက်တာကမှ အဓိပ္ပာယ်မရှိ ဖြစ်နေမှာ ! "
" အဲဒီရုပ်ဆိုးမက ဒီလောက်တောင် အရည်အချင်း ရှိလိမ့်မယ်လို့
မသိခဲ့မိဘူး။ လင်းဒုံကို သူမ ဘာဆေးတွေများ တိုက်ထားပါလိမ့် ? "
ဟောခန်းမထဲတွင် မိန်းကလေးတစ်သိုက် တိုးတိုးတိတ်တိတ် ပြောဆိုနေကြစဉ် လင်းဒုံ သူတို့ထံ ကြောက်စရာကောင်းသည့် အကြည့်တစ်ချက် လွှတ်ပေးလိုက်လေရာ သူတို့ ချက်ချင်းပင် ဖြူဖျော့သွားကြပြီး မြန်မြန်ပင် ပစ္စည်းတွေ သိမ်းကာ ထွက်သွားကြတော့၏ ။
ထိုသူတို့ကို ကြည့်ပြီးနောက် လင်းဒုံ ။ ရီဝမ်ဝမ် ဆီသို့ လျှောက်သွားလိုက်ပါ၏ ။ သူ့ရဲ့ ကြောက်စရာကောင်းသည့် အမူအရာသည် ချင်းချင်းပင် ခပ်အမ်းအမ်းဖြစ်သွားပြီး မရေမရာဖြင့် ။
" မင်း ငါနဲ့အတူတူ ညစာ မစားချင်ရင်လည်း ရပါတယ် ။
ငါ.... ငါ မင်းကို မင်းရဲ့ အဆောင်အထိ လိုက်ပို့ပေးမယ်.... "
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...