အခန်း ၉ : မင်း ရူးနေပြီ
ရင်းနှီးသည့် အသံကို ကြားလိုက်ရချိန် လင်းချွေ့မျက်နှာသည် သရဲတစ်ကောင် မြင်လိုက်ရသည့်ပမာ ဖြစ်သွား၏။
သူအလန့်တကြား ထရပ်လိုက်ပြီး ထိုင်ခုံကို ကန်ထုတ်မိလိုက်၏ ။
"အား! ရီ.... ရီဝမ်ဝမ် !!! "
" ဘယ်လို ဖြစ်နိုင်မှာလဲ ? "
" မင်း ပလတ်စတစ် ဆာဂျရီ လုပ်လိုက်တာလား ? "
လင်းချွေ့ သူမကို အံ့ဩစွာ ကြည့်လိုက်သည်။
ဒါမဲ့ ခွဲစိတ်ပြုပြင်တယ်ဆိုတာမျိုးက ဘယ်လိုလုပ် ဒီလောက်မြန်နိုင်မှာလဲ? ဒါ မဖြစ်နိုင်ဘူး ။
ငါ ရှေ့ရက်တုန်းက နောက်ဆုံး တွေ့ခဲ့တာတောင် ပုံဆိုးပန်းပျက်ကြီး ဖြစ်နေတုန်းပါ။
ရီဝမ်ဝမ် ဒေါသတို့ ဆူဝေလာ၏ ။
" ရှင်ကသာ ပလတ်စတစ် ဆာဂျရီ လုပ်ထားတဲ့သူ!
ကျွန်မက အမြဲ ဒီပုံစံပဲ ! ကဲ ပြောစမ်းပါဦး
ကျွန်မ ဘယ်လောက် ၀ လဲဆိုတာ!? "
စီရီဟန်၏ မျက်နှာပေါ်တွင် မထင်ရှားသော အကြည့်တို့ ဖွဲ့သီလာ၏ ။
ဂျလေမလေး၏ မျက်ဝန်းတို့သည် မီးဝင်းဝင်း တောက်နေသည့်သဖွယ်။
ဒေါသရေဆူမှတ်တို့ ပေါက်ကွဲဟန် ပြုလာသော ရီဝမ်ဝမ်သည် သူမ၏ ဦးခေါင်းကို ထိုးဖွလာသည့် အေးစက်စက် လက်ဖ၀ါးကို ခံစားလိုက်ရ၏ ။
တစ်စုံတစ်ယောက်ကား မုန်ယိုနေသည့် သားရဲကောင်ကို ချော့မြူနေသည့်နှယ်။
တစ်ချိန်ထဲတွင် နွေးထွေးပျော့ပြောင်းသော အသံတစ်သံသည် သူမနားထဲ တိုးခွေ့လာ၏။
" မင်း မ၀ပါဘူး "
ရီဝမ်ဝမ် ယောင်ယမ်းကာ နောက်ဆုတ်လိုက်မိပြီး စီရီဟန်ကို ကြည့်လိုက်သည်။
ငါ ပလပ်ကျွတ်သွားတာလား? ဘယ်လိုလုပ်ပြီး
စီရီဟန်....... သိမ်မွေ့........ နေတာကို တွေ့လိုက်ရတာပါလိမ့်?
ရီဝမ်ဝမ် သူမ၏ အတွေးရေယာဉ်ကို ရပ်လိုက်သည် ။
" ကျွန်မ အခု လုံးဝ မ၀တော့ဘူး......."
သူမ ရှက်ရွံ့စွာ ပြောလိုက်သည်။
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...