အခန်း ၈၉ + ၉၀
17.9K 2.1K 47
Chapter. : 89 + 90
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၈၉ : ငါ့ရဲ့ချစ်သူက ကြိုက်လို့
အမှန်တရားကို ပြောလိုက်ခြင်းသည် အပြစ်ဒဏ်ကို လျော့ပေါ့သွားစေနိုင်သည်ကား အမှန်ပင် ။
နောက်နေ့မနက် ။
ရီဝမ်ဝမ် စိတ်ပေါ့ပေါ့ပါးပါးဖြင့် အတန်းကို သွားလိုက်ပါ၏ ။
သူမ ထိုင်ချလိုက်ပြီး မကြာခင်မှာပင် ။
သူမခေါင်းအထက်မှ အရိပ်တစ်ခု မိုးကျလာရာ ။
လင်းဒုံ ။ သူမ၏အရှေ့တွင် ရပ်နေခြင်းတည်း။
မြင်လိုက်လေရာ ဘာလဲဟူသော အကြည့်ဖြင့်
သူ့အား ကြည့်လိုက်သလို ။
အတန်းထဲက လူတိုင်းသည်လည်း သူတို့နှစ်ယောက်စလုံးကို ကြည့်လိုက်ပြီး အတင်းပြောဖို့ရာ တာဆူလာကြလေပြီ ။
လင်းဒုံ ။ သူ့နှုတ်ခမ်းတွေကို ဖိလိုက်ပြီးနောက် ရီဝမ်ဝမ်ကို
ကြည့်ကာ လေးလေးနက်နက်မျက်နှာဖြင့် ပြောလာသည်။
" ရီဝမ်ဝမ် ။ အဲဒီကောလဟလကို မင်း ဘယ်ကနေ ကြားလာသလဲ ဆိုတာ ငါ မသိဘူး ။ ဒါပေမယ့် ငါ ကျိန်ရဲတယ်။ အလောင်းအစားမှာ ရှုံးသွားလို့ ငါ မင်းကို လိုက်နေတာ မဟုတ်ဘူး။ ပြီးတော့ မင်းကို လှည့်စားနေတာလည်း မဟုတ်ဘူး။ ငါ အတည်ပြောတာပါ ! ကျေးဇူးပြုပြီးတော့ ငါ့ကို ယုံပါ ! "
" အိုး " အနားမှာရှိကြသည့် ကျောင်းသားအားလုံး
အာမေဋိတ်သံ ပြိုင်တူပင် ထွက်သွားတော့သည် ။
ရီဝမ်ဝမ်ရဲ့ မျက်နှာသည်ကား မည်းမှောင်သွားချေပြီ ။ ကောလဟလတို့ မမှားပါကြောင်း သက်သေပြဖို့ရာအတွက် သူမမှာတော့ မနေ့ညတုန်းက ဂရုတစိုက်နဲ့ကို သေသေချာချာလေး စဉ်းစားထားခဲ့ရပြီးပြီ ။