အခန်း ၆ : သူမကိုယ်သူမ ပြန်ဖြစ်လို့ရပြီ
ရီဝမ်ဝမ် ၊ အံဩသင့်နေသည့် ရွှီရီကို မြင်လိုက်သည်။
သူမ စကားပြောရန် ဟန်ပြင်လိုက်စဉ် ။
ရွှီရီသည် လက်ချောင်းကို သူ၏နှုတ်ခမ်းနားကပ်ကာ တိတ်တိတ်နေပါရန် အချက်ပြလိုက်၏။ ထို့နောက် တောင်းပန်ဟန်ဖြင့် အသံနှိမ့်ကာ ။
"သခင်လေး ၉ မအိပ်ရသေးတာ ၃ရက် ရှိနေပြီ"
၃ရက်တောင် မအိပ်ရသေးတာလား 😱 ?
သူမ ထွက်ပြေးသွားမှာစိုးလို့များ ဖြစ်နိုင်မလား 🤔 ?
ပြီးခဲ့သည့် ၅နှစ်လုံး သူမ ထွက်ပြေးလွတ်မြောက်ရန် အရှုံးမပေးခဲ့ဖူးချေ။
ထိုတစ်ကြိမ်ကလည်း သူမလွတ်မြောက်ခါ နီးလုနီးခင် ဖြစ်ခဲ့၏။ နည်းနည်းလေးသာ ပိုကြိုးစားနိုင်ခဲ့လျင် နိင်ငံတကာပတ်သည့် သင်္ဘောပေါ် သူမ ရောက်ပြီး သွားလောက်ပြီ။
ထိုအခေါက် ထွက်ပြေးမှု၏ရလဒ်အနေဖြင့်
စီရီဟန်အား သူမ ကြီးကြီးမားမား ပေးဆပ်လိုက်ရ၏။
ယခင်က စီရီဟန်သည် သူမကို တွန်းအားပေးကာ အနားတွင် ရှိနေစေသော်ငြား သူမကို လက်ဖျားနှင့်ပင် မထိခဲ့ချေ။
သူထိခဲ့သည့် ပထမဆုံးအချိန်သည်ကား ။
ထွက်ပြေးရန်ကြိုးစားသည့် သုံးရက်အကြာက ဖြစ်၏။
ဤသည်မှာ သူမ လွတ်မြောက်ခါးနီးသွားသောကြောင့်
သူ၏ စိတ်တို့ လွတ်သွားခြင်း ဖြစ်ပေမည်။
ရွှီရီ စိတ်အေးသွားခိုက် ။
ဖုန်းမြည်သံသည် တိတ်ဆိတ်မှုကို ဖြိုခွဲကာ
ဧည့်ခန်းအတွင်း ပဲ့တင်သံထပ်သွားတော့၏။
ရွှီရီ ဖုန်းကို ယောင်ယမ်းကာ လွှတ်ချမိတော့မတတ် ထိတ်လန့်သွား၏။
သူ ဖုန်းကို ခပ်မြန်မြန် ပိတ်လိုက်သည်။
သို့သော်....
အလွန်နောက်ကျသွားလေပြီ။
မကောင်းဆိုးဝါးကြီးကား နိုးထလို့ လာချေပြီ။
လူသားဆန်မှု တစ်ချက်လေးပင် မပြဘဲ
မျက်လုံးအစုံကို ဖြည်းညင်းစွာ ဖွင့်လာ၏ ။
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...