စာစဉ် ၄ ( ၁၉ + ၂၀ )
16.9K 2K 38
Book. : 4
Chapter. : 19 + 20
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၁၉ : မြန်မြန်လှုပ်ရှားခြင်း
ရီဝမ်ဝမ် ပြုံးပြီးသာ ပြန်ဖြေလာပါ၏ ။
" နင်ပဲ အဲဒါကို နည်းနည်းလောက် ပိုပြီး တွေးကြည့်လိုက်ရင်ရော ?
အခုတလောကြားနေရတဲ့ သတင်းတွေအတိုင်းဆို စုန့် မိသားစုက အစိုးရစီမံကိန်းကြီးကို အပြိုင်လုဖို့ ကြိုးစားနေပြီးတော့ ။ နင်တို့ မိသားစုက ၁ ဘီလီယံ ရက်ရက်ရောရော ၀င်ထည့်ပေးထားသေး တယ်ဆို —— ဒီလောက် ပိုက်ဆံတွေ အများကြီး ၀င်ရင်းနှီးပေး
လိုက်တာက အချိန်တိုတိုလေးအတွင်းမှာ ရံပုံငွေတွေသာ မြန်မြန်
ပြန်မဖြည့်နိုင်ခဲ့ရင် ကုမ္ပဏီရဲ့မတည်ငွေတွေ လစ်လပ်သွားမှာရော မစိုးရိမ်ဘူးလား ?
စုန့် မိသားစုကို နင့်မိဘတွေ ၀င်ကူညီပေးနေကြတယ်ဆိုတာကလည်း သူတို့က နောင်အနာဂတ်မှာ နင့်အတွက် ဘ၀ကောင်းကောင်းလေးတခု ရသွားစေချင်လို့ပဲလေ ။ ခုတော့ ။ အင်း ။ အဲဒီကောင်ရဲ့ကာလာအစစ် ကိုလည်း နင် မြင်ပြီးသွားပြီ ။ ဒီတော့ ။ နင့်ဘက်က မြန်မြန်လှုပ်ရှားမှ ရတော့မပေါ့ ။ နင့်ဆီကနေ ချွေးတွေ၊ သွေးတွေကို စုပ်ယူ။ ပြီးတော့မှ သူကတော့ အရာအားလုံးကိုရသွားပြီး အဲဒါတွေနဲ့ ရှန်းမန်ချီကို သူ ဂရုစိုက်ပေးနေတာ မြင်ချင်လို့လား ? "
သူမရဲ့အရင်ဘ၀တွင် စုန့်ကျီဟန်ဆိုသည်မှာ ရှန်းမန်ချီကို ဖြည့်ဆည်း ပေးနေကြသည့် ယောက်ျားဘသားများထဲမှ တစ်ဦးတစ်ယောက်ပင် ။ သူသည် တောက်လျှောက်ဆိုသလို ကြီးထွားလာပြီး သူရဲ့အဆွေအမျိုး အလောင်းအလျာကြီးတွေထံမှ အကူအညီတို့ဖြင့် ကုမ္ပဏီကိုပင် ချဲ့ထွင်နိုင်ခဲ့သည်တည့် ။ သို့သော်ငြား ။ သူသည် ပိုက်ဆံပမာဏ မြောက်မြားစွာကို တိတ်တိတ်လေးထုတ်ယူကာ ရှန်းမန်ချီအတွက် လမ်းခင်းပေးခဲ့ပြီး အင်တာတိန်းမန့်လုပ်ငန်းတစ်ခုမှာပင် ၀င်ရောက် ရင်းနှီးမြှုပ်နှံပေးခဲ့ပါ၏ ။