Book. : 5
Chapter. : 9 + 10
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၉ : လက်စားချေခြင်း
မျှော်လင့်ချက်မဲ့မှုတို့နှင့်အတူ ။ သခင်မကြီး စုန့်၏ လေသံတွင် ဒေါသတို့ တိုးမြင့်လာပြီး ။ " မာမီ ။ သူတို့ကို အလွှတ်မပေးဘူး ။ ဘယ်တော့မှကို အလွှတ်မပေးဘူး ! ကျွတ် ၊ ကျန်းပိုင်ချောင် ! ငါ့ဆီကနေ ပုန်းနေရုံနဲ့ အဆင်ပြေသွားမယ်ထင်နေတာလား ? ဒင်းက သူ့သမီးကို ပိုကောင်း တဲ့သူနဲ့ လက်ထပ်ပေးချင်နေတယ် ? မဖြစ်နိုင်လိုက်တာ ! ဒင်းကြောင့် ဒင်းအဖိုးတန်သမီးလေးရဲ့ဂုဏ်သိက္ခာတွေ မြောင်းထဲရောက်သွားအောင် လုပ်ပြစမ်းမယ် !
ကျန်းမျိုးက ဘယ်လိုတွေတောင်သစ္စာမရှိ ၊ စာချုပ်ကိုဖျက်ခဲ့လဲဆိုတာ လူတိုင်း သိသွားစေရမယ် ! ပြီးတာနဲ့ ကျန်းမိသားစုရဲ့အရှုပ်တွေကို ဘယ်သူက လိုချင်ဦးမလဲဆိုတာကို ကြည့်ကြည့်စမ်းမယ် ! "
" မာမီ ? ဘာလုပ်ဖို့ စီစဉ်ထားလဲ ? "
" သားလေး စိတ်မပူနဲ့ ! မာမီ သေချာပေါက်ကို
သားအတွက် လက်စားချေပေးမယ် ! "
" ခန ! မာမီ ? မာမီ ! "
သူမ ဖုန်းချသွားနှင့်ချေပြီ ။
ရှန်းမန်ချီ ။ စိုးရိမ်ဟန်လေးဖြင့် သူ့ဆီ လျှောက်လှမ်းလာကာ ။
" ကျီဟန် ၊ ဘာဖြစ်လို့လဲ ? ဘယ်သူ ဖုန်းခေါ်တာလဲ ? "
" ဘာမှမဟုတ်ပါဘူး.... " စုန့်ကျီဟန် ။ စိတ်မသက်သာမှုကို
ခံစားနေရရင်း ခေါင်းကို ခါယမ်းလိုက်ပါတော့၏ ။
ကျန်း မိသားစုက ပျော့မလာသေးပါလား ?
ရှန်းမန်ချီသည် သူ့ကို ကျန်းယန်ရန်ဆီကနေ အနိုင်ယူရထားနိုင်သည့် အပေါ်သာ အာရုံစိုက်လွန်းနေသည်မို့ များများစားစား တွေးတောခြင်း ရှိမနေတော့ဘဲ ။ " ဒါဆို ကျွန်မတို့တွေ ဓာတ်ပုံသွားရိုက်ကြရအောင် ! အခုမသွားဘူးဆိုရင် နောက်ကျရင် တန်းစီတဲ့သူတွေများလာလိမ့်မယ် !"
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...