Book. : 4
Chapter. : 24
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၂၄ : ငါ့ရည်းစားရဲ့စွမ်းရည်
" အမ်.... ငါတို့ လိုလို့လား ? " တုံ့ဆိုင်းစွာဖြင့် ကျန်းယန်ရန် ။ သူမသည် ရီဝမ်ဝမ်အား အပြည့်အ၀ကြီးကို ယုံကြည်နေပါပြီ ဆိုပါသော်လည်း ဒါသည်ကတော့ တကယ်....
သူမထံ အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး ။ ရီဝမ်ဝမ် ။ မှန်တစ်ချပ် ထိုးပေးလိုက်ရင်းဖြင့် ။ " ကျောင်းကလူတိုင်းရဲ့အရှေ့မှာ နင့်ကိုယ်နင် အပယ်ခံဇနီးမယားရုပ် ပေါက်နေချင်လို့လား ၊ ၀ိုင်းဟားကြတာကိုရော ခံချင်လို့လား ? "
" မခံချင်ဘူး ။ ဒါပေမယ့် နင် အဲဒါကို တကယ်ကြီးလုပ်မလို့လား ? "
ရီဝမ်ဝမ် ။ သူမ၏မေးစေ့ကို ပွတ်သပ်လိုက်ပြီး ။
" ငါ အမှားလုပ်မိမယ်ဆိုရင် နင့်ကို အဖော်ပြုတဲ့အနေနဲ့
ငါပါ ကတုံးတုံးပစ်ပေးမယ်ဟာ ဘယ်လိုလဲ ?
အရင်တုန်းကဆို ငါ တစ်ခါမှကို ကတုံးမတုံးဖူးဘူးနော် ! "
ရီဝမ်ဝမ်၏အမူအရာသည်ကား ။
သူမသည် ထိုအတိုင်း တကယ်ကြီး လုပ်တော့မည့်ဟန်....
ကျန်းယန်ရန် ။ ဆွံ့အသွားရတော့ပြီး နှုတ်ခမ်းထောင့်စွန်းလေးတို့ပင် ကွေးညွတ်တက်သွားရပါတော့၏ ။ " မလိုပါဘူးဟာ ။ ကျေးဇူးပဲ.... "
ရီဝမ်ဝမ် ။ သူမ၏ပုခုံးပေါ်သို့ လက်တစ်ဖက် ပစ်တင်လိုက်ရင်း ယုံကြည်ချက်ရှိရှိဖြင့် စကားစပြောလာပါတော့သည် ။
" လန်ယျတောင်ပေါ်က အသက်စွန့်စတေးဖို့ပြင်နေတဲ့ သူရဲကောင်းကြီး ၅ ယောက်ကို ကြည့်နေတဲ့အတိုင်းကြီး ငါ့ကို ကြည့်နေတာ ရပ်လိုက် တော့၊ ဟုတ်ပီလား ? ! ငါ့မှာ အရမ်းကို ကောင်းတဲ့အမြင်ရှိပြီးသား ! ဥပမာဆိုဟာ ။ နင့်ကိုပဲ ထားလိုက်တော့ ။ နင်က အပြစ်ကင်းပြီး ဖြူစင်တဲ့ ကြာဖြူပုံလေးနဲ့ မလိုက်ဖက်ဘူး ။ နင့်ရဲ့ရင်ဘတ်ကိုပဲ ကြည့်ကြည့်လိုက် ။ နင်က အပြစ်ကင်းစင်တဲ့ပုံရော ပေါက်နေလို့လား ? ရှန်းမန်ချီရဲ့အတုကို လိုက်တုပြီးတော့ အပြစ်ကင်းစင်တဲ့ပုံစံလေးနဲ့ သွားချင်တုန်းပဲလား ? ! နင့်ရဲ့ခန္တာကိုယ်အကြောင်းကို နင့်အနေနဲ့ ကောင်းကောင်းသိနေဖို့ လိုအပ်တယ်ဟ ၊ ဟုတ်ပလား ? "
![](https://img.wattpad.com/cover/167247935-288-k596584.jpg)
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...