Book. : 5
Chapter. : 17
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၁၇ : ကျန်းဘင် ၊ ကျွန်မကို ကူညီပါ
ရှန်းမန်ချီသည် သူမအရှုပ်တော်ပုံတို့ကို ကောင်းစွာ စီမံထားနိုင်ခဲ့ပါ၏ ။ စုန့်ကျီဟန် ပရိုပို့စ်လုပ်လာပြီးသည့်နောက် ။ သူမသည် သူ့အား လူအများရှေ့မှာ အဖြေမပေးခဲ့ပါချေ ။ သူတို့ ရည်းစားဖြစ်နေပါပြီ ဆိုတာကို နှစ်ယောက်ထဲရှိချိန်မှသာ အသိမှတ်ပြုပေးခဲ့ခြင်းတည်း ။ သို့သော် ။ ကျန်းဘင်ရဲ့အရှေ့တွင်တော့ ။ စုန့်ကျီဟန်သည် သူမကို လိုက်နှောင့်ယှက်နေခြင်းပါဟု အမည်တပ်ကာ လုံးဝကို ဖင်ပိတ်ငြင်း ထားပါ၏ ။
ရှန်းမန်ချီ တွေးထင်ခဲ့သည်ကား ။
သူမသည် လူတိုင်းကို အရူးလုပ်နိုင်လိမ့်မည်ဟု ။
သူတို့နှစ်ယောက်သား ထိပ်တိုက်တွေ့သွားကြလိမ့်မည်
လို့တော့ ဘယ်သူသိပါလိမ့်မလဲ ?
သူတို့နှစ်ယောက်သည်ကား စတွေ့ကြသည်နှင့်ပင် တစ်ယောက်ကို တစ်ယောက် ရန်စောင်နေကြပြီပင် ။ စစကတော့ သူမရဲ့မူယာမာယာ အောက်မှာ သူတို့တွေ အရူးလုပ်ခံမိတော့မလို့ပင် ။ သို့သော်ကား ။ သူမရဲ့ညာထားသမျှတို့သည် ယခုတွင်တော့ ပွင့်အံကျလာကုန်လေပြီ ။ ဤအချိန် ။ လူအုပ်ကြီးသည်လည်း သူတို့နှစ်ယောက်သား ရန်စောင် စကားစစ်ထိုးနေကြတာကို စောင့်ကြည့်လို့ နေနေကြသည်တည်းပေမို့။
စုန့်ကျီဟန်နှင့်ကျန်းဘင်တို့ ဖြည်ချလာသည့် အကြောင်းအရာသတင်းတို့သည် ရှော့ရအံ့ဩရလောက်အောင်ပင် များသထက်ကိုများလာချေပြီ ။ ကြည့်နေကြသူ ပွဲကြည့်ပရိသတ်တို့ သည်လည်း ဆွံ့အသွားမိကြရတော့ရင်း ။
" လခွမ်း ၊ ဘယ်လိုအရှုပ်တော်ပုံကြီးလဲဟ ! ဒါဆို ရှန်းမန်ချီက အရင် စုန့်ကျီဟန်ကို ဆွဲဆောင်ခဲ့တာပေါ့ ! "
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...