Book. : 5
Chapter. : 5 + 6
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၅ : ဒေါသမီး
စုန့်ကျီဟန် ။ အကြည့်ခံလိုက်ရသည့်ပုံစံလေးကို နှစ်ခြိုက်ဘ၀င်ကျလို့ နေရင်း ။ ရှန်းမန်ချီအား သကာလောင်းကာ ချီးမွမ်းပြောဆိုပါတော့၏။
" အဲဒီမိန်းမအကြောင်း ပြောမနေနဲ့တော့။သူမက ဘယ်လိုလုပ်ပြီးတော့ ချစ်လေးနဲ့ ယှဉ်လို့ရပါ့မလဲ ? မန်ချီ ။ ကိုယ်က ကိုယ့်အဖေရဲ့တစ်ဦးထဲ သောသားပါ ။ မိသားစုအမွေအနှစ်ကို ကိုယ်ပဲ သေချာပေါက် ဆက်ခံရ မှာ ။ အဲဒီအခါကျရင် ကိုယ် ချစ်လေးကို အကောင်းဆုံးဆိုတဲ့အရာတွေ မှန်သမျှ သေချာပေါက်ကိုပေးမယ် ! "
" ကျီဟန်... " ရှန်းမန်ချီ ၊ လှုပ်လှုပ်ရှားရှားဖြစ်သွားတော့ချေပြီ ။
" ကျွန်မ ဘာကိုမှ ဂရုမစိုက်ပါဘူး ။ ကျွန်မလိုအပ်တာက အကိုနဲ့ အတူရှိနေခွင့်လေးပါပဲ အကိုရယ် ! "
သူတို့နှစ်ဦးသား အချစ်အားပြိုင်နေကြစဉ် ။
စုန့်ကျီဟန်ရဲ့ဖုန်း မြည်လာလေပြီ ။
ခေါ်ဆိုသူရဲ့နာမည်ကို မြင်လိုက်ရသည့်အချိန်တွင် ။ စုန့်ကျီဟန်ရဲ့မျက်နှာ ၀င်းပသွားတော့ပြီး ။
" ကိုယ့်ဒက်ဒီခေါ်နေတာ ။ သတင်းကောင်းပြောမလို့ ဖြစ်လိမ့်မယ် ! "
ကြားလိုက်ရသည့်အခိုက် ။ ရှန်းမန်ချီ ။ အလွန်စိတ်လှုပ်ရှားသွားတော့၏။
" ဟယ်လို ၊ ဒက်ဒီ ? "
စုန့်ကျီဟန် ။ ချက်ချင်းပင် ဖုန်းကိုင်လိုက်ခြင်းပါတည်း ။
" ကျီဟန် ။ အခုချက်ချင်း ဒီကိုပြန်လာခဲ့ ! "
ဒက်ဒီ စုန့် ၏မှုန်မှိုင်းနေသည့်အသံသည် ဖုန်းထဲမှထွက်လာပါ၏ ။
စုန့်ကျီဟန် ။ သူ့လက်ထဲတွင် နိုင်ငံတော်ကြီးနှင့်ဤအလှရှင်မလေး ရှိနေသည်မို့ စိတ်လှုပ်ရှားမှုတို့နှင့် တိမ်ဖွဲ့နေကာ သူ့အဖေဖြစ်သူ၏ လေသံထဲကထူးခြားချက်ကို မကြားမိလိုက်ခဲ့ ။
ESTÁS LEYENDO
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...