စာစဉ် ၄ ( ၁၅ + ၁၆ )
17.9K 2.2K 47
Book. : 4
Chapter. : 15 + 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၁၅ : ပြန်အမှတ်ရပြီ
ရီဝမ်ဝမ် ။ သူမရဲ့ခေါင်းတွင် အောက်ဆီဂျင် ပြတ်တောက်သွားသလို မူးပြာသွားရင်း မင်သက်နေရာမှ အသိဝင်လာခဲ့ပြီ ။
နှစ်ဘ၀ကြီး ရှင်သန်လာခဲ့ပြီးနောက်မှာတောင် ဤလူ၏ သူမအပေါ် ခံစားချက် ဘယ်လိုရှိသည်ဆိုတာကို သူမမှာ အဖြရှာလို့ မရသေး ။
အရင်ဘ၀တုန်းက သူမ သေဆုံးခဲ့ရပုံမှာ တော်တော်လေး ရုတ်တရက် ဆန်လွန်းလှပါ၏ ။
အဲဒီအချိန်တုန်းက ။ ရန်အကြီးကြီး ဖြစ်ပြီးတဲ့နောက် နောက်ဆုံးတွင် ။ စီရီဟန်သည် ကွာရှင်းဖို့ရာ သဘောတူပေးခဲ့သည်ကို သူမ မှတ်မိပါ၏ ။
သူမ ကွာရှင်းစာချုပ်ကို ယူပြီး ပထမဦးဆုံးလုပ်ခဲ့သည့်အရာကား ။ ဂူရွဲ့ကျီကို သွားရှာခဲ့ခြင်း ။
ရှန်းမန်ချီရဲ့သွေးထိုးမှုတို့ကြောင့် သူမ အမြဲတစေ ထင်မှတ်ထားခဲ့မိ သည်မှာ ပြန်စဖို့ရာ အခွင့်အရေးတစ်ခု ရှိနေသေးသည်ဟု ။ သူမ
ယုံစား ထားခဲ့သည်ကား ။ ဂူရွဲ့ကျီသည် သူမအား ချစ်နေတုန်းပဲ ။ သူမအား ကယ်တင်ချင်နေတုန်းပဲဟု ။ ဒါပေမယ့် စီရီဟန်ရဲ့ပါဝါသည် သူ့အား အုပ်မိုးထားခြင်းမို့ သူ့မှာ ဘာကိုမျှ လုပ်ခွင့်မသာ ဖြစ်နေခဲ့ရ သည်ဟူ၍ ။
သူမတို့ ကွာရှင်းပြီးသွားသည့်နောက် ။ စီရီဟန် သူမအား တကယ်ကြီးပင် သွားခွင့်ပြုခဲ့ပါ၏ ။ ဒါတင်မကသေး ။
သူကိုယ်တိုင်ပင် ဂူရွဲ့ကျီဆီ ကားမောင်းပို့ပေးခဲ့ပါသေး၏ ။
သို့သော် ။ သူမနဲ့ဂူရွဲ့ကျီ ရဲ့ ဟန်းနီးမွန်းအတွက် ရည်ရွယ်ပြီး အစပိုင်းက သူမရဲ့အဖေ သူမအတွက် ၀ယ်ပေးထားခဲ့သည့် တိုက်ခန်းဆီသို့ မျှော်လင့်ချက်တို့ ပြည့်လျှမ်းနေသည့် နှလုံးသားကြီးနှင့် သူ့အား သွားရှာလိုက်သည့်အခါ ။ သူမ မြင်လိုက်ရသည်ကား ။