Book. : 4
Chapter. : 30 + 31
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၃၀ : နင့်ကို အနိုင်ကျင့်မခံစေရဘူး
ရှန်းမန်ချီ ။ သူမရဲ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ။ သူမရဲ့နှလုံးသည်းပွတ်ထဲမှ ရီဝမ်ဝမ်အား " အရူးမ " ဟု ဖန်တရာ ထေအောင် ခေါ်နေမိ၏ ။ သူမရဲ့မျက်နှာထက်တွင် နာကျင်နေဟန် ပေါ်နေကာ နီရဲသည့်မျက်လုံးအစုံဖြင့် သူမ ရှင်းပြလာပါ၏ ။
" အဲဒီလိုမဟုတ်ဘူး ။ ယန်ရန်က ခေါင်းဆောင်စုန့်ကို အရမ်းကြီးကို သဘောကျနေတယ်လေ ။ ပြီးတော့ ဒီနေ့ပြိုင်ပွဲကလည်း အရမ်းကြီး အရေးကြီးတယ်ဆိုတော့ ယန်ရန် ဘတ်စကတ်ပွဲကိုလာလိမ့်မလားလို့
ငါ တွေးခဲ့မိလို့ ။ အဲဒါနဲ့ ငါ့ရဲ့ကံကို စမ်းကြည့်ဖို့ ဒီကို လာခဲ့လိုက်တာပါ.... "
ရီဝမ်ဝမ် နားထောင်နေရင်းမှာပင် ဟတ်ထိသွားရချေပြီ ။
ရှန်းမန်ချီ၏ ကိုယ့်ကိုယ့်ကိုကောင်းအောင် လီဆယ်ပြောဆို
တတ်သည့် အရည်အချင်းကို သူမ ချီးကျူးမိသွားရင်း ။
ကျန်းယန်ရန်သည်ကတော့ ထိုကဲ့သို့ ပြောတတ်သည့်သူမဟုတ်ပေ !
ရှန်းမန်ချီ၏ သိမ်ငယ်နေပြီး နာကျင်နေပါသည့်ပုံစံလေးကို မြင်လိုက်ရသည့်အချိန် ။ စုန့်ကျီဟန် ။ ချက်ချင်းပင်
သူမအား ကာကွယ်ပေးလာချေပြီ ။ စုန့် မိသားစုသည် အရင်က
စုန့် မိသားစု မဟုတ်တော့မှာကို တွေးမိလိုက်သည်နှင့် ။ သူ့ကိုယ်သူ ကာဗာဝင်လုပ်ပြီး ကျန်းယန်ရန်အား ဒေါသတကြီးကြည့်လိုက်ကာ ။
" ကျန်းယန်ရန် ။ မင်း တော်ပြီလား ? မင်းကသာ ပျက်စီးနေတာ ၊ မင်းကပဲ လူတိုင်းကို စိတ်ပူကြအောင်လုပ်နေတာ ။ အဲဒါတောင်မှ
မင်းက အခု မန်ချီကို အပြစ်တင်နေသေးတုန်းပဲ ။ ဒီကမ္ဘာပေါ်က လူတစ်ယောက်ချင်းစီတိုင်းက ချမ်းသာတဲ့မင်းသမီးလေးဖြစ်တဲ့
![](https://img.wattpad.com/cover/167247935-288-k596584.jpg)
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...