အခန်း ၇၅ + ၇၆
17.4K 2.1K 58
Chapter. : 75 + 76
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၇၅ : ငါ့ ရဲ့ လူ
" သောက် ကျိုး နည်း ! ဘာတွေ ဖြစ်ကုန်တာလဲဟ ? ဒီနေ့တော့ ပွဲကြီးပွဲကောင်း ကြည့်ရပြီ မှတ်နေတာ ! လင်းဒုံ က ဘာလို့ ရီဝမ်ဝမ်ကို ကူညီလိုက်ရတာလဲ ? "
" ဘယ်သိပါ့မလဲကွ ? လုံးဝကို ရူးလောက်စရာကြီး ! "
" ကျောက်ရှင်ကျိုးရဲ့ နှိပ်စက်ခံလိုက်ရတာကို ကြောက်သွားလို့များလား ? "
" လင်းဒုံ ကလား ။ အဲဒီ ဘုရင်ငယ်လေးက ဘယ်တုန်းကများ ကြောက်တတ်ဖူးလို့လဲကွ ? ပိုဆိုးတဲ့ဟာတွေ သူလုပ်မလာရင်တောင် ကံကောင်း ! "
အသီးသီး ပြောဆိုနေကြစဉ်မှာပင် ရီဝမ်ဝမ် သည်
လင်းဒုံရဲ့ ထိုင်ခုံပေါ် ထိုင်ချလိုက်လေပြီ ။
ပြသနာရှိလာမှာတွေကို သူမ ပြင်ဆင်ထားပြီးသားပင်။
သို့ငြား ဒါကတော့ သူမ မမျှော်လင့်ထားခဲ့ဖူးသည်တည်း။
လင်းဒုံ တကယ်ကြီး ကျောက်ရှင်ကျိုး နှိပ်စက်တာကို ကြောက်သွားတာများလား ?
ဒါမှမဟုတ်.....
ရီဝမ်ဝမ် ။ မနေ့ညက သူမ မိတ်ကပ်မပါသည့် ပုံစံကို လင်းဒုံ မတော်တဆ တွေ့သွားခဲ့တာကို အမှတ်ရမိလိုက်ရာ ။
အဲဒါကြောင့်များလား ?
အချိန်ခနလေး နေသော် ။ သင်ခန်းစာစမည် ဖြစ်ကြောင်း အချက်ပြခေါင်းလောင်းသံ မြည်လာပါ၏ ။
စာသင်ခန်းသည် နောက်တစ်ဖန် ငြိမ်ကျသွားတော့သည်။
ရီဝမ်ဝမ်လည်း ထပ်ပြီး တွေးမနေတော့ ။
သူမရဲ့အံဆွဲထဲမှ ဖုန်းကိုသာ သတိလက်လွတ် ကြည့်လိုက်မိလျက် ။
ရွှီရီကို သူမအား ကျောင်းပြန်ပို့ခိုင်းခဲ့သည့် မနေ့ညကတည်းက