စာစဉ် ၅ ( ၃ + ၄ )
16.4K 1.8K 25
Book. : 5
Chapter. : 3 + 4
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၃ : သေတွင်းတူးခြင်း
လူအုပ်ကြီးသည် ရှန်းမန်ချီကို မြင်လိုက်ကြသည့်အခါ ။ သူတို့ရဲ့မျက်လုံးတို့ ၀င်းပသွားကြပြီး အားကျသည့်မျက်လုံးတို့နှင့် သူတို့ဆီ အမြန်လာနေကြပါ၏ ။ စသံနှောကာ သူမရောက်လာပြီ ဖြစ်ကြောင်းကို အကျယ်ကြီးကြေငြာလို့နေရင်း ။
" ရောက်လာပါပြီ ။ ရောက်တော်မူလာပါပြီ !
ရှန်းမန်ချီ ရောက်တော်မူလာပါပြီရှင့် ! "
သူတို့ နီးသွားကြသည့်ချိန် ။ ရီဝမ်ဝမ် မြင်လိုက်ရသည်ကား ။ မိန်းကလေးဆောင်မြေညီထပ်တွင် ဖယောင်းတိုင်တို့ဖြင့် ပုံဖော်ထားပါသည့် အသဲပုံအကြီးကြီးတစ်ခု ။ အလယ်တွင်ကား နှင်းဆီပန်းတွေသမုဒ္ဒရာလောက်ကြီးနှင့် ရေးထိုးထားပါသည့် ရှန်းမန်ချီဆိုသည့် နာမည် ။
စုန့်ကျီဟန်၏ရှည်မောင်းပြီး ခန့်ညားလှသည့်ပုံရိပ်သည်ကား အဲဒီမှာပင် ရပ်လို့နေရင်း ။ သူ့ရဲ့လက်မောင်းမှာကား လူအရပ်ထက်ဝက်နီးပါးမျှ ရှိပါသည့် နှင်းဆီပန်းအကြီးကြီးတစ်စည်း ။ သူ့ရဲ့အကြည့်တို့သည် ရှန်းမန်ချီအပေါ်တွင်သာ ကျရောက်လို့နေနေပါ၏ ။
ရှန်းမန်ချီ ။ ရှော့ရသွားလေဟန် အမူအရာလေးတစ်ခုကို ဟန်ချီချီလေး ထုတ်လွှတ်ပေးလိုက်ပါတော့၏ ။ သူမရဲ့အဖြူရောင် ပေါက်စီလေးနှယ် အကူအညီမဲ့ပြီး ရှက်သွေးဖြာနေသည့်အမူဟန်လေးသည် ကောင်လေး တိုင်းရဲ့နှလုံးအိမ်ကို အပိုင်စားရသွားဖို့လုံလောက်နေချေပြီ။
အားလုံးသောအကြည့်တွေရဲ့အောက်မှာပင် ။ စုန့်ကျီဟန် ပန်းတွေကို သယ်ဆောင်လာပါပြီး ခပ်သွက်သွက်ခြေလှမ်းတို့နှင့် ရှန်းမန်ချီဆီ လျှောက်လာပါ၏ ။ " မန်ချီ ။ အလျင်စလိုလုပ်မိသွားတဲ့အတွက် ကိုယ့်ကို ခွင့်လွှတ်ပေးပါ ။ ဒါပေမယ့် ကိုယ် ဒီထက်ပိုပြီးတော့ ကိုယ့်ခံစားချက်တွေကို ချုပ်တည်းမထားနိုင်တော့ဘူး !