အခန်း ၁၁ + ၁၂
24.2K 2.1K 66
အခန်း ၁၁ : ထိတ်လန့်သွားစေမိလား
အိမ်ထဲမှာရှိသည့်လေထုသည် တဖြည်းဖြည်း အေးစက်လာ၏ ။
စီရီဟန်နှင့် သူမကြားက ဆက်ဆံရေးသည် သူမပြန်လည်မမွေးဖွားခင်ကအတိုင်း ပြန်ဖြစ်လာပုံပေါ်၏ ။
သူမရှေ့မှ ထိုလူသားအပေါ် ကြောက်ရွံ့စိတ်တို့သည် သူမကိုယ်ထဲသို့ ပြန်လည် ၀င်ရောက်လာ၏ ။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ခြေလှမ်းသံတို့က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ခြင်းပင်။
ရွှီရီသည် ဥယျာဉ်မှူးများ၊ ပန်းသည်များနှင့် ဆောက်လုပ်ရေး သမားများအဖွဲ့ကို ထမင်းစားခန်းထဲသို့ ခေါ်လာ၏ ။
ရွှီရီ ပြောလာသည်။
" သခင်လေး ၉ ၊ ဥယျာဉ်မှာ ပြန်လည်ပြင်ဆင်မှုတွေ.... အမ်...."
စီရီဟန်၏ ဘယ်ဘက်တွင် ထိုင်နေသည့် မိန်းကလေးကို မြင်လိုက်ပြီး ပြောလက်စ စကားတို့ တန့်ရပ်သွားရ၏ ။ သူ ခန တန့်လိုက်ချိန် သူ့နောက်မှ အလုပ်သမားများသည်လည်း တစ်ယောက်ကိုတစ်ယောက် ပဟေဠိဆန်စွာ ကြည့်လိုက်ကြသည်။
ဤမိန်းကလေး၏ လှပမှုကြောင့် သူတို့ အံ့ဩသွားမိခြင်း မဟုတ်။
သို့သော် သခင်လေးသည် OCD အပြင်းအထန် ရှိနေပြီး မိန်းမများနဲ့ ခပ်ခွာခွာ နေတတ်တာကို လူတိုင်း သိထားတာ ကြောင့်ပင်။ ကမ္ဘာပေါ်တွင် သခင်လေး သည်းခံနိုင်သည့်သူ တစ်ယောက်သာ ရှိသည်။ ရီဝမ်ဝမ်မှ လွဲ၍ တခြားသူမရှိသေး။
ဒါဆို ဒီမိန်းမက ဘယ်သူများပါလိမ့်?
ရီဝမ်ဝမ် ရွှီရီနဲ့ အလုပ်သမားတို့ကို ကြည့်လိုက်သည်။
သူမ ပုဇွန်ထုပ်ကို တစ်ကိုက်ကိုက်လိုက်ပြီး တောင်းပန်ဟန်ဖြင့် ဆိုလိုက်သည်။ " အာ, ကျွန်မ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့သွားတယ်။ ကျွန်မ ရှင်တို့ အားလုံးကို ထိတ်လန့်သွားမိ စေပြီလား? "
ရီ....ရီဝမ်ဝမ် ! ! !
ဤရင်းနှီးသည့် အသံကို ကြားလိုက်ရတဲ့အခါ
ရွှီရီအပါအ၀င် လူတိုင်း စိတ်ညစ်ညူးသွားကြသည်။
ရုပ်ဆိုးတဲ့ပုံက တကယ်ကြောက်စရာကောင်းတယ်။
အင်း.... အသံကျတော့ ကျန်းနန်က စမ်းချောင်းလိုမျိုး ရှင်းလင်းပြီး ကြည်လင်တယ်။ တောက်ပ ခံ့ညားပါပေတယ်။