Book. : 4
Chapter. : 7
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၇ : ပို့စ်တင်ခဲ့တဲ့သူက နင်လား ?
ရီဝမ်ဝမ် ပုန်းနေခဲ့သည်မို့ ဒီအထိ အားလုံးကို မြင်လိုက်ရပါ၏ ။
မကောင်းတော့ဘူး ! ကျန်းယန်ရန် တစ်ခုခု ဖြစ်တော့မယ် !
ငါ နေရာရွှေ့လိုက်တာမဟုတ်ဘဲနဲ့ ကျန်းယန်ရန် ငါ့အရှေ့ ပေါ်လာတာက သူမ ဆူဆိုက်လုပ်တော့မလို့များလား ?
ရီဝမ်ဝမ် ယခုထိ တွေးထားခဲ့မိသည်ကား ။
ကျန်းယန်ရန်သည် အခုလတ်တလောတော့ စုန့်ကျီဟန်အပေါ် ခံစားချက်တို့ နက်ရှိုင်းမနေသေးဘူးဟုသာ ။ သူမ အသိတရား ၀င်သွားသည်နှင့် ကယ်လို့ရသွားနိုင်ပြီဟုသာ ။ သို့ပါသော်ငြား ကြည့်ရသည်မှာ သူမ မှားသွားခဲ့ဟန်ပင် ။
သူတို့နှစ်ယောက်သည် အတူတကွ ကြီးပြင်းလာခဲ့ကြပြီး ။
ကျန်းယန်ရန်သည် စုန့်ကျီဟန်ကို လက်ထပ်ပြီး သူ့ရဲ့အိမ်ထောင်ရှင်မ ဖြစ်လာဖို့ရာ ငယ်ငယ်လေးကတည်းက အမြဲ ဆန္ဒရှိခဲ့ပါ၏ ။ သို့သော် ယခုတော့ သူမရဲ့အိပ်မက်တွေအားလုံး တစ်စစီကျိုးပဲ့သွားခဲ့ရပြီမို့ ။
ဒါသည် သူမကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသည်နှင့် မထူးတော့ ။
အဲဒီအပြင်ကို တစ်ချိန်တည်းမှာပင် သူမအယုံကြည်ခဲ့ရဆုံးသော သူငယ်ချင်း၏ သစ္စာအဖောက်ကိုပါ ခံခဲ့ရသည် ဆိုတော့ကား ။
သူမကိုယ်တိုင်သည်လည်း ရှန်းမန်ချီရဲ့လက်စွမ်းပြမှုတို့ကို ရင်စည်းခံ ခဲ့ရပြီးပြီ ။ ပြန်ပြောရမည်ဆိုလျှင် သူမသည်လည်းပဲ ရှန်းမန်ချီနှင့် တကယ့်ကို ရင်းနှီးခဲ့ပါ၏ ။ သူမနဲ့အတူ နေရာတိုင်းကို သွားခဲ့သည် ။ သူမနှင့် ကစားခဲ့သည် ။ အတူတူ ရန်ဖြစ်ခဲ့ကြသည် ။ ငိုကြွေးခဲ့ကြ သည် ။ သူမနှင့် ရယ်မောခဲ့ကြသည် ။ သူမနဲ့ အတန်းတွေ လစ်ခဲ့ကြ သည် ။ သူမနဲ့အတူ ဂူရွဲကျီနောက် လိုက်ခဲ့ကြသည် ။ သူမနဲ့အတူ ကျောင်းနှစ်တွေ အောက်ခဲ့ကြသည်...
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...