အခန်း ၃၀ + ၃၁ + ၃၂
18.7K 2K 44
Chapter. : 30 + 31 + 32
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၃၀ : အတန်းအဆင့် သတ်မှတ်ချက် : နံပတ် ၁
ဘာမဟုတ်သည့် ကျောင်းသားတစ်ယောက်နှင့် ဒီလိုမျိုး အချိန်တွေအများကြီး ဖြုန်းနေရတဲ့အခါ လျန်လီဟွာ၏ စိတ်ရှည်နိုင်မှုတို့ ကုန်ခမ်းလာပြီး ။
သူမ ရီပို့ကတ်ကို နောက်တစ်မျက်နှာသို့ အလှန်။
နောက်စက္ကန့်လေးအတွင်းမှာ ဘာသာဗဒ ရမှတ်ကို မြင်လိုက်မိသည်နှင့် လျန်လီဟွာ မင်သက်မိသွားပြီး မယုံကြည်နိုင်စွာ ရေရွတ်မိသည်မှာ
" ဘာသာစကား....150 မှတ်.... "
လျန်လီဟွာ ရေရွတ်လိုက်တာကို ကြားလိုက်ရသည့်အခါ စင်အောက်က ကျောင်းသားတွေ စိတ်ရှုပ်ထွေးသွားဟန်ဖြင့် အချင်းချင်း ကြည့်လိုက်ပြီး
" အတန်းပိုင်ဆရာမ ဘာပြောလိုက်တာလဲ ? ဘာကို 150 မှတ်လဲ ?"
" မှားများ ဖတ်လိုက်တာလား ? "
" အာ ၊ ' 0 ' မှတ် နဲ့ ' 150 ' မှတ် ၊ ဘယ်လိုလုပ် မှားနိုင်မှာလဲဟ ? "
လျန်လီဟွာ စာရွက်ကို ထပ်ပြန်တလဲလဲ ကြည့်ပါသော်လည်း ရမှတ်က လုံးဝကို ရှင်းလင်းနေတာကြောင့် ရမှတ်တွေကို ကိုယ်တိုင်ပင် ပေါင်းကြည့်လိုက်ပါသော်ငြား အမှန်ပင် အမှတ်ပြည့် ဖြစ်နေရကား ။
သူမ ရီပို့ကတ်များ မှားသွားသလားလို့ တွေးမိပြီး ကာဗာကို စစ်ကြည့်လိုက်သော်လည်း ရီပို့ကတ်မှာ မှန်နေပြန်သည်။ ကာဗာမှာ ရီဝမ်ဝမ်၏ နာမည် ဖြစ်နေပါ၏ !
လျန်လီဟွာ မျက်နှာပုပ်သိုးလာပြီ။
သံသယတို့ မြင့်တက်သွားတာကြောင့် ဆက်လှန်ကြည့်လိုက်စဉ် တတိယစာမျက်နှာ ရောက်သည့်အခါ ပို၍ပင် အံ့အားသင့်သွားရ၏ ။
တတိယစာမျက်နှာသည် အင်္ဂလိပ်စာ ရလဒ်ကို ဖော်ပြခြင်းပင် — သူမ တကယ်ပဲ 150 မှတ် အမှတ်ပြည့် ပဲလား !