အခန်း ၁၉ : ငါ့ရဲ့နေရာမှန်
ရီဝမ်ဝမ် သူမနားမှာ ပြောနေကြသည့် အတင်းအဖျင်းတွေကို စိတ်ဝင်တစားနားထောင်ရင်း F အတန်းကို လျှောက်လာစဉ် သူမ မေ့ထားချင်သည့် အရာတစ်ချို့ကိုပါ ကြားလိုက်ရသည်။
သူမ အခန်းတံခါးဝကို ရောက်သည်နှင့် တိတ်ဆိတ်ငြိမ်သက်နေသည့် အခန်းသည် ချက်ချင်းပင် စားပွဲထုသံ၊ လေချွန်သံတို့ လွှမ်း ကာ အားလုံးလိုလို ပြသနာရှာဖို့ ကြိုးစားနေကြပုံမှာ။
တည့်သာ ပြောရမည်ဆိုလျှင် သူမကား ဒီကျောင်းသားတွေအတွက် သူတို့အပျင်းပြေအောင် ဖျော်ဖြေပေးနေသည့် လူပြက်တစ်ယောက်သဖွယ်ပင်။
" ဟားဟားဟား ၀ိုး ! ရီဝမ်ဝမ် ၊ မင်းဆံပင်က လန်းလှချည်လား ! "
" ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ။ အရင်နေ့က မင်းရဲ့ ရှုပ်ပွနေတဲ့ ဆံပင်ထက်တော့ ပိုကောင်းသားပဲ ! "
သူမကို ကြည့်ကာ ဟားတိုက်ရယ်နေကြသည့် ယောက်ျားလေးတွေ။
သူမကို စိတ်ပျက်စွာ ကြည့်နေကြသည့် မိန်းကလေးတွေ ။
" ဘာလို့ ဒီလောက် ဆူညံနေကြတာလဲ?! တိတ်ကြစမ်း ၊ အားလုံး ! မင်းတို့အားလုံး ခေါင်းလောင်းတီးလိုက်တာကို မကြားကြဘူးလား? "
တံခါးဝမှ သူတို့ဆရာရဲ့ ဒေါသတကြီးသံ ထိုးထွက်လို့လာသည်။
" ရီဝမ်ဝမ် ၊ နင်ပဲလား ! နင် ကိုယ့်ကိုယ်ကို မှန်ရော ကြည့်လာခဲ့ရဲ့လား? ထိုင်ခုံမှာ မြန်မြန် သွားထိုင်စမ်း ! "
ဆံပင်အတု စိမ်းစိမ်းတောက်တောက်ကို ကြည့်ရင်း ဒေါသတို့ ဆူပွက်လာသည့် ဆရာမ။
ရီဝမ်ဝမ်ကို သူမ ဆက်ဆူချင်သော်ငြား မဆူတော့ဘဲ
စင်ပေါ်ရှိ ဆရာမစားပွဲတွင်သာ သွားထိုင်လိုက်လျက်။
ဘယ်လိုပဲပြောပြော ဒီကျောင်းသားက ကျောင်းထုတ်ခံရတော့မှာပဲ - -
ငါ့နှယ် ဆူနေရင်လည်း အချိန်ကုန်ရုံပဲ ရှိမယ်။
ရီဝမ်ဝမ် တစ်ခန်းလုံးကို မျက်လုံးဝေ့၍ ကြည့်လိုက်သည်။
အရင်ဘ၀က သူမ ထိုင်ခဲ့သည့် နေရာကို ပြန်စဉ်းစားရန်ပင် မလို။
VOUS LISEZ
Roman d'amour"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...