Chapter. : 56 + 57
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၅၆ : လက်ချင်းထပ်ထားကြတဲ့ စုံတွဲလေး
သူတို့ ရောက်လာပြီ ဖြစ်ကြောင်း အစေခံတို့ သတင်းပို့ထားကြရကား ။ အမျိုးသမီးအိုကြီးသည် ထမင်းစားခန်းထဲတွင် စိုးရိမ်စွာဖြင့် သွားထိုင်စောင့်လို့ နေတော့၏ ။ ရွှီ ရီ ဆီမှ မိန်းကလေးရဲ့ ရာဇ၀င်အကြောင်းကို ကြားလိုက်ရစဉ် ။ သူမလေးသည်
စီနီယာနှစ်မှာပဲ ရှိနေသေးတယ်ဆိုတာ သိလိုက်ရလျှင်ရချင်း ရှော့ရသွားမိခဲ့၏ ။ သို့သော် ကံကောင်းစွာဖြင့် သူမသည်
နည်းနည်း ငယ်ရွယ်ပါသော်လည်း အရွက်ရောက်ပြီးသား ဖြစ်နေသည်တည့်။
မိန်းကလေးငယ်သည် စီ မိသားစုနှင့် နှိုင်းယှဉ်ရလျှင် မိသားစုကောင်းကောင်းက လာသည်ဟု ဆိုမရနိုင်။
သို့သော် သခင်လေး ၉ သာ သူမအပေါ် ချစ်မြတ်နိုးတယ်
ဆိုရင်ဖြင့် ကိစ္စမရှိလေတော့ ။
အရေးကြီးဆုံးကတော့ ဒီမိန်းကလေးရဲ့ အကျင့်စရိုက်နှင့်
၉ လေးအပေါ် စစ်မှန်ရဲ့လား ဆိုတာသာ ဖြစ်တာမို့ သူမ
အနေဖြင့် စစ်ဆေးလိုခြင်းပင် ။
ဝင်ပေါက်ဆီမှ ခြေလှမ်းသံတွေကို ကြားလိုက်တာမို့
အဘွားသည် တံခါးကို လျင်မြန်စွာ ကြည့်လိုက်စဉ် ။
အိမ်တော်ထိန်းကြီးသည် အရှေ့ဆုံးမှ လျှောက်လို့လာနေပါ၏ ။
သူ့နောက်တွင်မတော့ လူ နှစ်ယောက် ပါလာသည်။
ခါတိုင်းလို ရေခဲတုံးမျက်နှာနဲ့ သူမရဲ့ မြေးလေးသည်
အပြာနုရောင် ကျောင်းလွယ်အိတ်လေးကို သူ့လက်ဖြင့်
ကိုင်ထားရင်း ။ သူ့နံဘေးတွင် ချစ်စဖွယ် မိန်းကလေး ။
မိန်းကလေးရဲ့ မျက်နှာပြောင်ပြောင်လေးသည် မက်မွန်သီးနှယ် ၀င်းပ လို့ နေပါ၏ ။ ပိတုန်းရောင် ဆံကေသာကို မြှင့်စည်းထားကာ ချင်းဟော် အထက်တန်းကျောင်း ၀တ်စုံလေးကို ၀တ်ဆင်ထားလျက်။ သူမသည် မချစ်ဘဲ မနေနိုင်လောက်အောင်ကို အလွန်အမင်း သိမ်မွေ့ဖွယ် ပေါ်နေ ပေသည်။
ESTÁS LEYENDO
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...