အခန်း ၁၇ : စနေတာ ရပ်ပါတော့ရှင်။
အစေခံတွေ မနက်စာ လာရောက်တည်ခင်းပေးပြီးသကာလ သူတို့လေးယောက် ကိုယ်စီကိုယ်စီထိုင်ကာ မနက်စာသုံးဆောင်ကြစဉ်။
ရီဝမ်ဝမ် သူမဘေးမှာထိုင်နေသည့် စီရီဟန်ကို ကြည့်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်က လင်းချွေ့နှင့် ရှဲ့ကျဲ့ကျီတို့ကို လှည့်ကြည့်လိုက်ရကား။
ပုဂ္ဂိုလ်ကြီး ၃ ယောက်နှင့်အတူ တစ်စားပွဲထဲ မနက်စာစားနေရသည့် အဖြစ်ကို တွေးမိတာကြောင့် သူမ ပျော်ရွှင်၍သွားသည်။
ဒီလူကြီးလူကောင်း ၃ ယောက်စလုံးက အနာဂတ်မှာ အရေးပါပြီး ဩဇာလွှမ်းမယ့်သူတွေ ဖြစ်လာကြမှာပဲ။
စီရီဟန်ကတော့ ပြောနေစရာကို မလိုတာ။ သေချာပေါက်ကို စီမိသားစုကို ထိန်းသိမ်းရတဲ့သူ ဖြစ်လာလိမ့်မယ်။
လင်းချွေ့အတွက်ကတော့ သူက အခုလောလောဆယ် အင်အားနည်းနေသေးပေမယ့် တကယ်တော့ သူက
စစ်ဘက်-နိုင်ငံရေးဘက် အင်အားကြီးမိသားစုကနေ မွေးဖွားလာတဲ့သူ။
သူ့ရဲ့အဖိုးက တည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ လင်းကျန်းရုန် ၊ ဗိုလ်ချုပ်လင်း ။
နောက် ၇ နှစ်ကြာရင် လင်းချွေ့က နိုင်ငံရေးမှာ ဩဇာကြီးပြီး အလေးထားရတဲ့သူ ဖြစ်လာမယ်။
သို့ကား ရီမိသားစုအနေဖြင့် အနုပညာလုပ်ငန်းပိုင်းကို လုပ်နေတာကြောင့် ရီဝမ်ဝမ်
သရုပ်ဆောင် ရှဲ့ကျဲ့ကျီကိုသာ ပိုပြီး အာရုံရောက်မိပါ၏ ။
ရီဝမ်ဝမ် သူ့ကို ခိုးကြည့်နေတာကို ခံစားမိတာကြောင့်
သူ့ခေါင်းကို မော့လိုက်ပြီး သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့
မက်မွန်မျက်လုံးတို့နဲ့ သူမအား မျက်စိမှိတ်ပြလိုက်ရင်း
" ရီလေး ၊ မင်း လက်မှတ်လိုချင်လို့လား? "
သေစမ်း! တစ်ချက်တည်းနဲ့ သူ ငါ့ကို မိသွားတယ်!
ဒီကောင်က တကယ့်ကို မြေခွေးထီးကြီးပဲ။
Z တိုင်းပြည်က မိန်းကလေးတွေအားလုံးရဲ့ နှလုံးသားကို ဖမ်းစားနိုင်တာ အံ့ဩစရာ မရှိတော့ဘူး ။
လက်မှတ်လား?! သေချာပေါက်...လိုချင်တာပေါ့!
ရှဲ့ကျဲ့ကျီဆိုတာ အနာဂတ်မှာ အောင်မြင်ကျော်ကြားတဲ့ အော်စကာဆုရ သရုပ်ဆောင်တစ်ယောက် ဖြစ်လာမှာ! Z တိုင်းပြည်မှာ ပထမဆုံးသော အော်စကာဆုရ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့ ငါသာ ဒီလက်မှတ်ကို ရောင်းစားနိုင်ရင် အများကြီးအကျိုးရှိမှာ!
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...