Book. : 4
Chapter. : 21 + 22
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၂၁ : ကွန်ပလိန်းတက်ခြင်း
မကြာခင်အချိန်ခနလေးအတွင်းမှာ ။
ကျန်းယန်ုရန်၏မိဘနှစ်ပါး ရောက်ရှိလာကြပြီ ။
တံခါးခေါက်သံ ကြားလိုက်ရကား ။ ရီဝမ်ဝမ် ။
သူမစိတ်ကိုသူမ ပြင်ဆင်ထားလိုက်ရင်း ။
ချက်ချင်းပင် တံခါးသွားဖွင့်ပေးလိုက်သည်နှင့် ။
" ယန်ရန် ဘယ်မလဲ ? ! ငါတို့ယန်ရန်လေး ဘယ်မလဲ ? ! "
" ငါ့သမီးလေး ဘယ်မှာလဲ ? "
သခင်ကြီးကျန်း နှင့် သခင်မကြီးကျန်းတို့သည် စိုးရိမ်မှုတို့လွန်ကဲနေ
ကြရကား ချွေးအေးတို့သည်ပင် ရေတစ်ပုံးစာလောက် ရှိနေပါ၏ ။
" အန်ကယ် ၊ အန်တီ ။ နောက်ဆုံးတော့ ရောက်လာကြပြီ ။
ယန်ရန်က အိပ်ရာပေါ်မှာ လှဲနေပါတယ် —— မြန်မြန်လေး ။ သူမကို သွားကြည့်လိုက်ပါ ! " ရီဝမ်ဝမ် ။ လျင်မြန်စွာပြောလိုက်သည်နှင့် ။
ချက်ချင်းပင် ။ သူတို့နှစ်ယောက်စလုံး ကုတင်ဆီ မြန်မြန် သွားလိုက်
ကြပါတော့၏ ။ သူတို့ရဲ့ချစ်သမီးလေး အိပ်ရာထက်ဝယ် လဲလျောင်း
နေသည်ကို မြင်လိုက်ရသည့်နောက် ။ သူတို့ရင်တွေ တစ်စစီကျိုးပဲ့ သွားကြချေပြီ ။
ကျန်းယန်ရန်မှာ တော်တော်လေးကို အားအင်ကုန်ခမ်းနေပုံ ပေါ်နေလျက် ။ သူမ၏မျက်နှာသည် အရောင်အသွေးမရှိဘဲ
အရမ်းကို ဖြူရော်လို့နေပြီး သူမ၏မျက်လုံးတို့သည်လည်း လုံးဝကို နီထွေးကာ မို့အစ်လို့နေပါ၏ ။ သခင်ကြီးကျန်း နှင့် သခင်မကြီးကျန်း တို့သည် မြူတစ်မှုန်စာမျှပင် သံသယ၀င်ခြင်း မရှိခဲ့ကြ ။
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...