Book. : 4
Chapter. : 43
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၄၃ : သန်းခေါင်ယံဖုန်းကောလ်
အင်ပါရီယာမြို့တော်က ကလပ်ကြီးတစ်ခုတွင် ၊ သန်းခေါင်ယံအချိန် :
အနည်းငယ်ဝဖိုင့်ဖိုင့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ။ ဖုန်းပြောပြီးသည်နှင့် သူ့ရဲ့အမူအရာသည် ပြောင်းလဲသွားတော့ပြီး ။ သုတ်သီးသုတ်ပြာပင် ပြေးထွက်သွားပါတော့၏ ။
ဖုန်းခေါ်ခြင်းအမှု ပြုလိုက်တော့ပြီး ။
သူ့ရဲ့လက်တို့သည်ကား တုန်တုန်ရီရီ ။
" ရှားရှား ၊ ငါတို့တော့ ဒုက္ခရောက်ပြီ ! "
ဆယ်ကျော်သက်ကောင်လေး၏ပျင်းတွဲတွဲအသံလေးသည်
ဖုန်းထဲမှ ပေါ်ထွက်လာပါ၏ ။ " ဘာကိုလဲ ? "
" မင်းရဲ့ဦးလေး၅ စီရီဟန်လက်ထဲ ရောက်နေပြီလို့
ငါ ခုနက သတင်းကြားတယ် "
ဆယ်ကျော်သက်ကောင်လေး စုတ်သပ်လိုက်ပြီး ။
" ကျွတ်စ် ၊ အသုံးမကျလိုက်တာ "
သက်လတ်ပိုင်းလူကြီးသည် စိတ်လှုပ်ရှားစွာဖြင့် စကားပြောဆိုနေရင်း မှာပင် သူ့ရဲ့ချွေးတွေကို သုတ်သပ်ပစ်လိုက်ပါပြီး ။ " ရှားရှား ။ သူ့ကို ကယ်ထုတ်နိုင်ဖို့ နည်းလမ်းတစ်ခုကို မြန်မြန်စဉ်းစားပါဦး ! "
ဆယ်ကျော်သက်လေးသည်ကား စိတ်ညစ်ညူးလာလေဟန် ။
" အသုံးမကျတဲ့သူတစ်ယောက်အတွက် ကျွန်တော့ရဲ့အချိန်တွေကို မဖြုန်းချင်ဘူး ။ ဘာပဲဖြစ်ဖြစ် ။ ကျွန်တော်တို့တွေ အခုသွားရင်ရော ကူညီပေးနိုင်လိမ့်မယ်လို့ ခင်ဗျား ထင်လား ? သူ့ရဲ့အလောင်းကို ပြန်ရဖို့မပြောနဲ့ ၊ သူ့ရဲ့အရိုးတစ်ချောင်းတလေလေးတောင်မှ ကျွန်တော်တို့တွေ ရှာတွေ့နိုင်တော့မှာမဟုတ်ဘူး ! "
![](https://img.wattpad.com/cover/167247935-288-k596584.jpg)
ŞİMDİ OKUDUĞUN
Romantizm"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...