Book. : 4
Chapter. : 44 + 45
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၄၄ : လိုက်မမှီနိုင်လောက်အောင်ကို တုံးအနေတာ
ရွှီရီ ။ စိုးရိမ်သွားရကား စီရီဟန်ကို တိတ်တခိုးလေး လှစ်ခနဲ ကြည့်လိုက်မိတော့၏ ။ အဆုံးတွင်ကား ။ သူ မြင်လိုက်ရသည်မှာ ။ သူ့ရဲ့သခင်ကြီးသည် အေးအေးလူလူပင် ရှိနေခြင်းတည်း ။
ဒါသည် သူ့မိသားစုရဲ့ရိုးရိုးသာမန်ဖုန်းကောလ်တစ်ခုမျှသာအလား ။
" အမှုတော်ထမ်းတွေ လုံးဝ စိတ်ယောက်ယတ်ခတ်နေသည့်အချိန်မှာ အင်ပါယာပြည့်ရှင်မင်းမြတ်သည် ရာဇအိနြေ္ဒကိုဆောင်ကာ တည်တည် ငြိမ်ငြိမ်သာ ရှိနေသည့် " အလားသဏ္ဍာန်နှယ်ပင် ။
ရွှီရီ နှင့် လျိုယင်တို့၏ စောင့်ကြည့်နေကြသည့်အကြည့်အောက်မှာပင် ရီဝမ်ဝမ် ပြန်ဖြေလိုက်သည်က ။ " ပေါက်စီ စားနေတာ ဘွား ။ ကျွန်မ တို့ကျောင်းအ၀င်ဝနားက တကယ့်ကိုစားလို့ကောင်းတဲ့ စတိုးဆိုင်ကနေ ပေါက်စီတချို့ကို ယူလာခဲ့တယ် ။ အဲဒါတွေက တကယ်ကြီးကို အရသာရှိတာ ဘွား ! "
ဖုန်းထဲတွင် ဘွား ။ တခနလောက် တိတ်ဆိတ်သွားချေပြီ ။ သူမရဲ့အဖြေကို စဉ်းစားခန်းဝင်နေသည့်အလားနှယ် ။
အချိန်ခနလေး ကြာမြင့်ပြီးနောက် ။ နောက်ဆုံးတွင် ။ သက်ပြင်းချလိုက်ကာ ချစ်မြတ်နိုးစွာဖြင့် ပြောလာလေပြီ ။
" ၀မ်ဝမ် ။ မြေးက ပေါက်စီကြိုက်တာလား ? နောက်တစ်ခါကျရင် ဘွားဆီကို လာခဲ့ ။ ဘွား လုပ်ကျွေးမယ် ။ မြေး ၀ယ်လာတဲ့ပေါက်စီ ထက် ပိုပြီးတော့အရသာရှိစေရမယ်လို့ အာမခံတယ်ကွယ် ! "
ရီဝမ်ဝမ် ။ စိတ်နှလုံးသားလေး ညွတ်နူးသွားကာ ။
" ကျေးဇူးပါ ၊ ဘွား ! ဒါဆို ကျွန်မ နောက်အပတ်လာလို့ရမလား ? "
ဘွားအို ။ အလွန်ပင် ပျော်ရွှင်သွားတော့လေပြီ ။ " ရတာပေါ့ ၊ ရတာပေါ့ ၊ ရတာပေါ့ ။ သေချာပေါက်ကို လာလို့ရတာပေါ့ ! မြေး အချိန်မရွေးပဲ လာလို့ရတယ် ။ မြေး လာမှာကို ဘွားဖြင့်မစောင့်နိုင်တော့ဘူးကွယ် ! "
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...