Chapter. : 42 + 43
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၄၂ : ၆ နာရီ ကိုယ်နဲ့ နေပေး
ဖိနပ်စုတ်.......
ရှန်းမန်ချီ မျက်လုံးတို့ ပြူးကျယ်သွားရ၏ ။
ဒီလိုစကားမျိုးကို ရီဝမ်ဝမ်က ပြောလာလိမ့်မည်ဟု
တစ်ခါပင် စိတ်မကူးကြည့်ဖူးရကား။
ဂူရွဲ့ကျီဆိုသည်မှာ ရီဝမ်ဝမ်အတွက်ဆိုလျှင် နတ်ဘုရားတစ်ပါး ။
သူမအနားတွင် ဘယ်သူ့ကိုမှ ဂူရွဲ့ကျီမကောင်း အပြောခံသူ
မဟုတ်ခဲ့ရကား။
ရှန်းမန်ချီရဲ့ နှလုံးသားမှာ အံ့ဩမှုတို့ ပြည့်လျှမ်းလျက် သူမကို
ဆက်ကြည့်နေရင်းပင် သံသယ ၀င်လာရကား " ၀မ်ဝမ် ။ နင်.....
သခင်လေးဂူကို ဘယ်လို ပြောလိုက်တာလဲ ? !
အဲဒါတွေအားလုံးက ရီယီယီ အပြစ်တွေပဲ။
အဖေလုပ်သူက ရီမိသားစုကို စနှိုက်ကျော်။
သမီးဖြစ်သူကလည်း အရှက်မရှိ။ နင့်ရဲ့ခင်ပွန်းလောင်းကို စနှိုက်ကျော်။
သခင်လေးဂူက ရွေးစရာမရှိခဲ့လို့ပါ ! ဘယ်လိုဖြစ်လို့ ?
ဘာလို့ ရုတ်တရက်ကြီး ဒီလိုမျိုး အတွေးဝင်ရတာလဲ ? "
ရီဝမ်ဝမ်ဆိုတာက သူမရဲ့မိဘတွေနဲ့ သေခန်းရှင်ခန်း ဖြတ်ပစ်နိုင်တဲ့
အထိကို ဂူရွဲ့ကျီအပေါ် အရူးအမူး ဖြစ်နေတဲ့ဟာ ။ ဘယ်လိုလုပ်ပြီး
ဒီလိုမျိုး လက်လျော့ပါလိမ့်မလဲ ?
ရီဝမ်ဝမ် ပြန်ဖြေလာသည် ။
" ငါပြောတာ မလွန်ပါဘူး ။ ငါ စဉ်းစားပြီးသွားပြီ "
ရှန်းမန်ချီ သူမကို မြန်မြန်ဖြောင်းဖြဖို့ ကြိုးစားတော့၏ ။
" ၀မ်ဝမ် ၊ မလောပါနဲ့ဦး ။ ဒီလောက်နှစ်တွေအကြာကြီး နင်
သူ့အပေါ် ခံစားချက် ရှိခဲ့တဲ့ဟာ......"
أنت تقرأ
عاطفية"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...