Chapter. : 24 + 25 + 26
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၂၄ : ဒေါသမုန်တိုင်း
မက်ဆေ့ခ်ျ ပို့လိုက်ပြီးသည့်နောက် ရီဝမ်ဝမ် ရည်းစားစာကို သူ့နေရာသူ ပြန်ထားကာ စာကိုသာ အာရုံစိုက်လိုက်တော့၏ ။
ဒီအခိုက် ကျင်းဥယျာဉ်မှာတော့ အရာရာတိုင်းသည် တက်လိုက်၊ ကျလိုက် ဖြစ်လို့ နေသည်။
ထိုင်ခုံပေါ်မှ လူသည် လောကကြီးကို တီမထင်တဲ့ပုံ ပေါက်နေလျက်။သူ၏ အနက်ရောင် မျက်လုံးအိမ်သည် ဆောင်းညကဲ့သို့ မဲမှောင်နေ၏ ။ကြမ်းပြင်ပေါ်တွင် ကျိုးပဲ့နေသည့် ကော်ဖီစားပွဲ ။
သွေးတွေ စက်လက်စက်လက် ယိုစိမ့်နေသည့်တိုင်
ကော်ဖီခွက်ကို ဖိတင်းဆုပ်ကိုင်ထားသည့် သူ့ရဲ့ လက်ချောင်းတွေ ။
အခန်းကြီးတစ်ခန်းလုံးမှာ လေထုတို့သည် ဒေါသရှိန်တို့
လွှမ်းမိုးနေလျက်။
အိမ်အစေခံတို့သည် ကြောက်လွန်း၍ တုန်လှုပ်နေကြပြီး ထောင့် တစ်နေရာမှာ ပုန်းကွယ်နေကြ၏ ။ ဘယ်သူကမှ အသက်မရှူရဲကြ ။ ရွှီရီရဲ့ကျောပြင်သည်ကား ချွေးတွေနဲ့ ကျိုက်ထားသည့်နှယ်။သူ့နောက်ကျောကို မတ်မတ်ဆန့်ကာ ငရဲမင်းနံဘေးတွင် မတ်တပ်ရပ်နေရင်း သူ့အကြည့်တို့က ကြမ်းပြင်ပေါ်မှာ ကွဲနေသည့် ဖုန်းအပေါ်တွင်။ သူ့မျက်နှာမှာကား မျှော်လင့်ချက်မဲ့မှုတို့ ထင်းနေပါ၏ ။
သေစမ်း, ဒီလို ဖြစ်လာမယ်ဆိုတာ ငါ သိသားပဲ !
ဒီမိန်းမက ဂူမျိုးရိုးနဲ့ကောင်ကိုပဲ ရူးသွပ်နေတာ ။ ကမ္ဘာကြီးပြိုရင်တောင် သူ့ကိုပဲ တွယ်ကပ်နေဦးမှာပဲ ။ သူမစိတ်ကို ရုတ်တရက်ပြောင်းလဲလိုက်ပြီး သခင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ ဆုံးဖြတ်ထားပြီ ဆိုတာက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ ?
တစ်ဖက်မှာ သခင်လေးကို လှည့်စားလို့ ရသွားတာနဲ့ နောက်တစ်ဖက်ကနေ ဂုရွဲ့ကျီနောက် ချက်ချင်း လိုက်သွားတာပဲလား?
ESTÁS LEYENDO
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...