Chapter. : 81 + 82
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၈၁ : နင် အသိဆုံးပဲ မဟုတ်လား ?
ရှန်းမန်ချီသည် ကျန်းယန်ရန် နှင့် ဖန်ချင်းကို ရှေ့တန်း ပို့ပြီး
သူမအား လက်နက်ကြီးတို့ဖြင့် တရစပ် ပစ်ခွင်းနေသည်တို့ကို
ရီ ၀မ်ဝမ် အေးစက်စက်ဖြင့်သာ စောင့်ကြည့်လို့ နေရင်း ။
သူမရဲ့ နှလုံးအိမ်တွင်တော့ မရှုံ့ချဘဲ မနေနိုင် ။
ဒါသည်ကား သူမအတွက်တော့ ရင်းနှီးနေပြီးသားပင် ဖြစ်ပါ၏ ။
ခုသည်လည်း အရင်ဘ၀တုန်းကအတိုင်းသာ —— ရှန်းမန်ချီသည် နောက်ကွယ်မှာသာ ပုန်းနေပြီး ။ တိုက်ခိုက်ဖို့အတွက်ရာ ကျန်းယန်ရန် နှင့် ဖန်ချင်း တို့ အရှေ့သို့ ချီတက်လာလေလိုက်တိုင်း သူမသည် သဘောကောင်းကြင်နာတတ်သူလို ဟန်ဆောင်တော့သည် ။
အရင်တုန်းက သူမသည် ရှန်းမန်ချီ ၊ ကျန်းယန်ရန် ၊ ဖန်ချင်းတို့နှင့် တစ်ခန်းတည်း အတူ သုံးခဲ့ပါ၏ ။ စစပိုင်းတွင် သူမ နှင့် ကျန်းယန်ရန် ၏ဆက်ဆံရေးသည် ဒီလောက်ကြီးမဆိုးရွားသလို ဖန်ချင်းသည်လည်း ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးသည့် လုံးဝကိုပေါင်းသင်းလို့ အဆင်ပြေတဲ့သူ ဖြစ်ခဲ့ရကား ။
ကျန်းယန်ရန်နှင့် ဖန်ချင်းသည် သူမအပေါ် ဖယ်ကြဉ်စပြုလာကြပြီး ။ နောက်ပိုင်းတွင် အခန်းပြောင်းပေးပါရန် ကျောင်းတော်အား တောင်းဆိုခဲ့ခြင်းတို့ကို သူမ မသိနားမလည်နိုင်ခြင်း ဖြစ်ခဲ့ပါ၏ ။
အချိန်တော်တော်ကြီး ကြာမြင့်ပြီးမှသာ သူမ သိရှိခဲ့ရသည်က ။
သူမသည် ကျောင်းပြင်ပတွင် ဟိုလိုလိုဒီလိုလို လိင်ဆက်ဆံရေးတွေ လုပ်ဖို့ရာအတွက် သူမရဲ့ သကြားဖေဖေက သူမအား အမြဲပင် အဖိုးတန်ကားကြီးတွေနဲ့ လာလာကြိုနေခြင်း ဆိုတဲ့ ကောလဟလ ။
VOUS LISEZ
Roman d'amour"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...