စာစဉ် ၄ ( 18 )
16.3K 2K 15
Book. : 4
Chapter. : 18
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၁၈ : စေ့စပ်ထားတာကို ဖျက်လိုက် !
ဖုန်းချပြီးသည်နှင့် ။ ရီဝမ်ဝမ် ပို့စ်ကို ဖွင့်ကြည့်လိုက်ပါ၏ ။
သူမ ခန့်မှန်းမိလိုက်သည့်အတိုင်းပင် ။ စုန့်ကျီဟန်သည်
သူ့ရဲ့မင်းသမီးလေးအတွက် ကယ်တင်ရှင်လုပ်ပေးခဲ့လေပြီ ။
ရှန်းမန်ချီသည် အကယ်တင်ခံလိုက်ရပြီး ။
ကျန်းယန်ရန်သည်ကတော့ ကျောင်းရဲ့ရယ်သွမ်းသွေးစရာ
ဖြစ်လာခဲ့ရရင်း ။
ယခု တစ်ကျောင်းလုံး သိသွားကြသည်မှာကား သူမသည် ကိုယ်ကျိတ်ချစ်နေတဲ့သူရဲ့အချစ်ကိုတောင် ရအောင်မယူနိုင်ခဲ့သူ ။ သ၀န်တိုစိတ်ကြီးမားပြီး သူမရဲ့အကောင်းဆုံးသူငယ်ချင်းကိုတောင် ပြန်ရန်ရှာတတ်သူ.....
ကျွတ်စ် ကျွတ်စ်။ဒီကောင်ကတော့လေ နှစ်ဖက်မိဘ
စီစဉ်ပေးထားတဲ့ စေ့စပ်ပွဲကိုတောင် မရှိခဲ့ပါဘူးဆိုပြီးတော့
ကို ဒင်းရဲ့အသည်းလေးအတွက် ကူပြောပေးနေလို့ပါ့လား ။
တံခါးခေါက်သံ လျင်မြန်စွာ ပေါ်ထွက်လာလေပြီ ။
" လာပြီ ! " ရီဝမ်ဝမ် ထလိုက်ကာ တံခါးသွားဖွင့်လိုက်စဉ် ။
" ရီ.... " သူမအား တံခါးလာဖွင့်ပေးသည့်သူကို ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရပြီးနောက် ။ ကျန်းယန်ရန် ။ မင်သက်သွားရတော့ပြီ ။
" ၀င်လာဟာ ! "
အဲဒီမှာ လာရပ်နေသည့် မိန်းကလေး၏ရင်းနှီးနေသည့် အသံလေးကို ကြားလိုက်ရသည့်အချိန် ။ လုံးဝကို မယုံကြည်နိုင်ဖြစ်သွားရတော့သည့် ကျန်း ယန် ရန် ။
" နင်.... နင်.... နင် ရီဝမ်ဝမ် ? "
ရီဝမ်ဝမ်သည်ကား တစ်ယောက်ထဲသာ နေတာဖြစ်ပြီး ဒီအခန်းထဲတွင် နောက်ထပ်ဘယ်သူမှ မနေကြဘူးဆိုသည်ကို သူမ အမှတ်ရမိသွားပြီး။