Book. : 5
Chapter. : 7 + 8
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၇ : အရေထူအရှက်မဲ့လှခြင်း
သူ့မိဘတွေ သံသယမ၀င်ကြတော့တာကို မြင်လိုက်ရသည့်အခါ ။ တိတ်တိတ်လေး သက်ပြင်းခိုးချလိုက်တော့သည့် စုန့်ကျီဟန် ။
ကျေးဇူးတင်စရာကောင်းစွာ ။ သူသည် နှစ်ဖက်မိဘများရှေ့တော်မှောက် တွင် ယန်ရန်အပေါ် အလွန်အမင်း ကောင်းပေးထားခဲ့ခြင်းမို့ပင် ။ ကျန်းဟိုင်ချောင်တောင်မှ သူ့အပေါ် သံသယမ၀င်နိုင်ခဲ့မိတာ ။ သူ့မိဘတွေဆိုလျှင်တော့ ပြောမနေနှင့်တော့ ။
ဒါဆိုရင် ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားတာလဲ....
ဘယ်လိုဖြစ်ပြီးတော့ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ ?
မျက်တောင်တစ်မှိတ်အတွင်းမှာပင် သူသည် အရာရာကို ဆုံးရှုံးသွားခဲ့ရ ချေပြီ ။ ပရောဂျက်ကြီး သွားပြီ ။ ဖက်စပ်လုပ်ငန်းတွေလည်း ပြုတ်ပြီ ။ ထုတ်လုပ်မှုဆိုတာ ဝေလာဝေးတော့ ။ ကုမ္ပဏီသည် အကြွေးတွေ ဒူးလောက်ထိ နစ်နေကာ ငွေပြတ်ခါနီးနီး !
သူသည် ကျန်းယန်ရန်ကို အရမ်းကောင်းကောင်းသိပြီးတော့ အဲဒီမိန်းမကို ငါးမျှားချိတ်နဲ့ ချိတ်ထားနိုင်ခဲ့ပြီဆိုတာကို ယုံကြည်ချက် ရှိနေခဲ့ပါ၏ ။ သူ ဘာပဲလုပ်နေပါစေ ။ သူမသည် သူမုန်းမည်စိုးတာနဲ့ ဘယ်တော့မှ ကန့်ကွက်စကားဆိုမည်မဟုတ်ပါချေ ။ ဒီတော့ကာ အိမ်ကိုပြန်ပြီး ကွန်ပလိန်းတက်ဖို့ဆိုသည်က သာလို့ပင် မဖြစ်နိုင် သေးပါချေ ။
ဒီတော့ သူ့အနေနဲ့ မန်ချီကို ကာကွယ်ပေးပြီး လူသိရှင်ကြား ပရိုပို့စ် လုပ်ခဲ့တော့ရော ဘာဖြစ်လဲ ? အလွန်ဆုံး ယန်ရန်ကို သ၀န်တိုသွား စေရုံ ၊ သူ့ကို ပိုပြီးအာရုံစိုက်လာစေရုံပေါ့ !
အခုတွင်တော့ သူမသည် ဒီလောက်လှလှပပကြီး မှုန်းခြယ်ဆင်ယင် လာပြီး သူ့စိတ်ပြန်လည်လာစေဖို့ရာနှင့် သူ့ကို ဆွပေးဖို့ရာအတွက် ချူဖုန်းဆီ အပြေးသွားခဲ့သည်မဟုတ်ပါလော ?
KAMU SEDANG MEMBACA
Romansa"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...