Chapter. : 33 + 34
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၃၃ : မျက်နှာသာ ပေးဖို့
" ကျွန်တော် မငြင်းဘူး " ဘာသာဗေဒဆရာက ရီဝမ်ဝမ် အမှန်ပြောတာ ဟုတ်မဟုတ် သိချင်တာကြောင့် ခေါင်းညိတ်လိုက်ခြင်းပင်။
အခြားဆရာတွေလည်း အချင်းချင်း ကြည့်လိုက်ပြီး နောက်ဆုံးတွင် သဘောတူလိုက်ကြကား။
" ရီဝမ်ဝမ် ၊ လူတွေအများကြီးက နင့်ကြောင့် သူတို့ရဲ့
တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီမှာ လာဖြုန်းနေကြရပြီ ! အခုမှ ၀န်ခံလည်း မရတော့ဘူး ! နင်က F အတန်းကို သိမ်ငယ်စေတာပဲ ! " လျန်လီဟွာ ဒေါသကြီးစွာ ဆိုလိုက်သည်တည်း။
ရီဝမ်ဝမ် ရယ်ချလိုက်ကာ " မိန်းကလေးလျန် ၊ ရှင်ကသာ ကျွန်မကို မယုံလို့ ဆရာတွေအားလုံးကို ဒီမှာ စုဝေးစေခဲ့တဲ့သူပါ ။ ဒါတောင် ရှင်က လူတိုင်းရဲ့အချိန်တွေ ကျွန်မကြောင့် ပုပ်ရတယ်ဆိုပြီး အပြစ်တင်နေသေးတယ် ! "
" နင်... "
လျန်လီဟွာ သူမရဲ့ ငရဲပါးစပ်ကို မဖွင့်လာခင် ရီဝမ်ဝမ် တခြားဆရာများကို ကြည့်ပြီး တိုက်ရိုက်ပင် ပြောလိုက်ပါ၏ ။
" ဆရာတို့အနေနဲ့ ဒုက္ခခံစရာမလိုပါဘူး။ ကျွန်မတို့ နောက်မေးခွန်း တစ်စုံကို အသုံးပြုမယ်ဆိုရင်တောင် မိန်းကလေးလျန်က ကျွန်မကို ထပ်လှည့်စားပြန်ပြီလို့ စွပ်စွဲပြန်ရင် ကျွန်မရဲ့ နာမည်ကို မရှင်းနိုင်တော့ မှာ စိုးမိပါတယ်။ ဒါကြောင့် ဆရာတို့တွေ ဒီနေရာမှာပဲ တစ်ယောက်ကို မေးခွန်း ၅ ခုဆီ လက်တန်း ထုတ်လိုက်ရင် ဘယ်လိုပါလဲ ? ဒါဆို စုစုပေါင်း မေးခွန်း ၂၅ ခု ရလိမ့်မယ်။ ကျွန်မ တစ်လုံးမှားလိုက်တာနဲ့ ကျွန်မ လှည့်စားထားတယ်လို့သာ ယူဆလိုက်ပါ ! "
ကျောက်ရှင်ကျိုး အလျင်စလိုဖြင့် " အာ ၊ မိန်းကလေး ရီ ။ သင်္ချာ က ရော...? ဘာသာဗေဒ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ နိုင်ငံရေး ၊ သမိုင်း ၊ ပထ၀ီ အားလုံးပေါင်းဆို မေးခွန်း ၃၀ ရှိရမှာ မဟုတ်ဘူးလား ? "
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...