Chapter. : 77 + 78
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၇၇ : စီရှားထက် ၁၈၀၀ ဆ
ရီဝမ်ဝမ် အကာအကွယ် လွတ်သွားမိခြင်းကြောင့်သာ လူတိုင်းရဲ့ရှေ့မှောက်မှာ သူမ ၀န်ခံ, ခံလိုက်ရခြင်းပင်။ ထိုအခိုက်အတန့် သူမရဲ့ရင်ထဲတွင် မျှော်လင့်ချက်တို့ မဲ့သွားပြီး ။
သူမ ဆက်ကာဆက်ကာသာ တွေးမိနေသည်က
အားလုံးပြီးသွားပြီ...!
မကြာခင်လေးကမှ သူမသည် ကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီး သေခြင်းတရားကနေ လက်မတင်လေး လွတ်မြောက်လာခဲ့ရုံသာ ။ လင်းဒုံကြောင့် ထပ်ပြီး ဒုက္ခရောက်ရလိမ့်မယ်လို့ ဘယ်သူ သိပါ့မည်နည်း ?
ဘယ်နေရာကနေစပြီး မှားသွားတာလဲ ?
လင်းဒုံ ။ ငါ့ကို လက်စားချေဖို့များ ဖြစ်နိုင်မလား ?
ငါ့အချစ်ကို အရင်ရအောင်လုပ် ။ ပြီးမှ ငါ့အသည်းကိုခွဲ ။
အဲ့လိုများလား ?
ဒီဖြစ်နိုင်ချေကု ရီဝမ်ဝမ် ပယ်ချလိုက်ပါ၏ ။ အကြောင်းမှာ
ဤနည်းသည် ရန်သူကိုယ်တိုင် အများကြီး စွန့်လွှတ်အနစ်နာခံရမည် ဖြစ်နေရကား ။ လင်းဒုံသာ အသိတရားတို့ မလွတ်နေသေးသရွေ့ လက်စားချေဖို့အတွက်နဲ့ ဒီလို ကိုယ်ကျိုးစွန့်ရသည့် နည်းလမ်းမျိုးကို
သူ ဘယ်တော့မှ သုံးမှာ မဟုတ်ခြင်းကြောင့်ပင်။
ဒါ တကယ်ကြီး မနေ့ညကကြောင့်တော့ မဟုတ်လောက်ပါဘူးနော် ။ ဟုတ်တယ်မှတ်လား ?
လှည့်စားတာ မဟုတ်ဘူးဆိုရင်တော့
ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့တယ် ။
သူ သူမအား မိတ်ကပ်မပါဘဲ မြင်ဖူးသွားသည်ကား လျှပ်တစ်ပြက် အကြည့်လေး တစ်ချက်ထဲဖြင့်သာမို့ ။ ထိုအချိန်တုန်းက သူမလည်း အများကြီး တွေးတောမနေမိခဲ့ ။ လင်းဒုံသည် အနည်းငယ်လည်း မူးနေခဲ့ရကား သူ့အနေဖြင့် သူမအား သဲသဲကွဲကွဲကြီး မြင်မသွားလောက် ဖူးဟုသာ ထင်ထားခဲ့မိခြင်းပင် ။ အကြည့်လေးတစ်ချက်က သူမအား ဒုက္ခနွံထဲ ဆွဲချပစ်လိမ့်မည်ဆိုတာတော့ ဘယ်သူ သိပါလိမ့်မလဲ ?
![](https://img.wattpad.com/cover/167247935-288-k596584.jpg)
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...