အခန်း ၉၇ + ၉၈
18.1K 2K 40
Chapter. : 97 + 98
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၉၇ : မင်းရော လွမ်းလား ?
ကြားလိုက်သည့်အခိုက်အတန့် ။ ရီဝမ်ဝမ် တုန်လှုပ်သွားမိပြီး ။
နောက်ဆုံးတွင်မှ စီရှားသည် ယနေ့ တမူထူးခြားနေကြောင်း နားလည်သွားပြီး ။
ခါတိုင်းဆိုရင် သူက စားပွဲပေါ်ပဲ မှောက်အိပ်နေတာ ။ တစ်နေ့လုံးလုံး ငါ့ကို ကြည့်တောင်ကြည့်တာမဟုတ်ဘူး ။ အဲ ဒီနေ့ကျတော့ ငါ့ကို အရင် စကားလာပြောတဲ့အပြင် သင်္ချာပါ သင်ပေးမယ် ဆိုပါလား ?
* အဟမ်း *
" မလိုဘူး ။ ကျေးဇူးပဲ ။ သူများတွေ ၀ိုင်းရိုက်ကြမယ့် ဒဏ်ရာကြီးတွေနဲ့ ငါ မသေချင်သေးဘူး !
ဒါနဲ့ ။ နင် ဒီနေ့ ဘယ်တွေ သွားနေတာလဲ ? ဘာလို့ နောက်ဆုံးအချိန်ကျမှပဲ ပေါ်လာတာလဲ ?
မိန်းကလေးတွေအားလုံး နင့်ကို လွမ်းလွန်းလို့ ရူးသွားကြတော့မယ် ! "
အရေးကြီးဆုံးကတော့ နင် အတန်းမလာတာနဲ့
လူတိုင်းက ငါ့ပဲ အပြစ်တင်နေကြလို့ ။ ဟုတ်ပလား !
ရီဝမ်ဝမ် အကျယ်ကြီး တွေးတောခြင်းသာ ။
စီရှားက တကယ်ပဲ ငါ့ကြောင့် မလာတာဆိုရင် ။ ဒါဖြင့် ငါ ဆရာမကို ခုံနေရာလဲပေးဖို့ သွားပြောကြည့်ရမလား ? ပြဇာတ်မှာ ငါ့ရဲ့နေရာကို မလဲနိုင်ပေမယ့် အနည်းဆုံး ထိုင်ခုံနေရာကတော့ ရလောက်မှာပါ...
" တကယ်လား ? " စီရှား ပျော့ပြောင်းစွာ မေးလာလေရာ ။
" အင်းဆို ! " ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်ပြီး ။ ထို့နောက် မေးဖို့ရာ အခွင့်အရေးယူလိုက်ပြီး " နင် ဒီနေ့ အတန်းမလာတာက ။ အဲဒါက "
ရီဝမ်ဝမ် စကားမဆုံးခင်မှာပင် ။ စီရှား ။
စကားဖြတ်ပြီး မေးလာသည် ။