Chapter. : 68 + 69 + 70
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၆၈ : အခွင့်အရေး ကုန်ပြီ !
ရီဝမ်ဝမ် ကျင်းဥယျာဉ်ကို ပြန်ရောက်လာတာနဲ့ ချက်ချင်းပင် အကျဉ်းချခြင်း ခံလိုက်ရတော့သည်။
" ကလစ် " သူမနှလုံးကို ခုန်ထွက်သွားစေနိုင်သည့် လော့ပိတ်သံ ။
သူမ ဆေးရုံကနေ ယူလာခဲ့သည့် ဆေးထုပ်ပါတဲ့ပလတ်စတစ်အိတ်ကို အမှတ်တမဲ့ဖြင့် လက်နဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိရက်သား။
၂ ပတ်မျှသာ ကုန်လွန်ခဲ့သေးသည်။
သူမ ဒီကို နောက်ထပ်တစ်ကြိမ် ထပ်ရောက်လာရပြီ။
ဒီလိုမျိုး ဖြစ်လာနိုင်မှာကို မျှော်လင့်ထားပြီးသား ဖြစ်နေတာတောင်မှ ဒီရင်းနှီးနေကျ ဇိမ်ခံအိပ်ခန်းကြီးထဲမှာ ထည့်ပိတ်ခံရခြင်းကြောင့်
သူမရဲ့ စိတ်ဝိဥာဉ်ဆီ ထိုးဖောက်လာနေတဲ့ အကြောက်တရားသည် သူမရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးလို့နေပါ၏ ။
သူမသည် အမှောင်ထုကြီးနဲ့ တိတ်ဆိတ်မှုကြီးကို ခိုက်ခိုက်တုန်အောင် ကြောက်ရွံ့ရင်း ဒီအခန်းထဲမှာပင် ၇ နှစ်ကြာအောင် ထည့်ပိတ်ခံခဲ့ရပြီး။ တဖြည်းဖြည်းနဲ့ပင် သူမလေးသည် အပ်ကျသံတောင် မကြားရလောက် အောင် အသားကုန်အသားလွတ် တိတ်ဆိတ်နေမှု တို့နဲ့ မည်းမှောင်နေမှု တို့ကို အကျွမ်းဝင်လာပြီး အလင်းရောင်နဲ့ လူတွေကို အစပြု ကြောက်ရွံ့ လာခဲ့ရဖူးပြီ။
ကြောက်စရာအကောင်းဆုံးအရာသည် အခန်းထဲ ထည့်လှောင်အပိတ်ခံ ရခြင်း မဟုတ်ပါသော်ငြား။ တစ်နေ့ ။ တစ်နေ့ သူမကို လွတ်လပ်ခွင့်တို့ ပေးလာခဲ့လျှင်တောင် သူမနှလုံးသားထဲမှာ စွဲထင်ပြီးသား လှောင်အိမ်ထဲ ကနေ သူမ လွတ်မြောက်နိုင်မှာ မဟုတ်တော့ခြင်းပင်။
ဒီလိုမျိုးတွေ ဖြစ်မလာသေးခင် သူမ ပြန်လည် မွေးဖွားခဲ့ပြီး ဘ၀တစ်ခု ပြန်ရလာခဲ့တာတောင်မှ သူမရဲ့ အရင်ဘ၀မှ မှတ်ဥာဏ်တွေနဲ့ အရိပ်တွေကနေပင် သူမမှာ လွတ်မြောက်နိုင်ခြင်း မရှိသေး ။
VOCÊ ESTÁ LENDO
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...