အခန်း ၇ + ၈
25.1K 2.2K 24
အခန်း ၇ : မနေ့ညက ဘာလုပ်ခဲ့လဲ?
သူမကိုယ်ပေါ်မှ တက်တူးကို ဆပ်ပြာဖြင့် ပျက်သွားစေ လိုက်၏ ။ ရီဝမ်ဝမ် ရေနွေးနွေးလေးထဲတွင်စိမ်ကာ သူမတစ်ကိုယ်လုံးကို ဆပ်ပြာတိုက်လိုက်သည်။
သူမမျက်နှာကို ပေါင်းတင်ပြီးနောက်
မျက်လုံးတို့ကို မှိတ်ထားလိုက်၏။
မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် ရေချိုးကန်ထဲကရေတို့သည် အနက်ရောင်ပြောင်းလုလု ဖြစ်နေပြီ။
သူမကိုယ်ခန္ဓာအတွက်မှာမူ........
တက်တူးမရှိတော့သည်ကြောင့် သူမကိုယ်ခန္ဓာသည် မူလနဂိုပုံစံ ပေါ်ထွက်လာ၏ ။ ယာယီတက်တူးကြောင့် သူမအသားအရည် ပျက်စီးမသွားခဲ့။ အနီရောင် လခြမ်းသဏ္ဍာန်အမှတ်အသား ရှိနေတာကလွဲလို့ သူမတစ်ကိုယ်လုံးသည် ကျောက်မြတ်သဖွယ် ကြည်လင်ရှင်းသန့်နေသည်။ အသားအရည်တို့သည်
နူးညံ့၍ ချောမွတ်နေသည်။ လရောင်ဆမ်းသည့် နှင်းလို
ဖြူဥပြီး ကြည်လင်လှသည်။
ပြန်လည်မမွေးဖွားခင်ကမူ သေရာပါ တက်တူးကြီးကို
သူမ ထိုးခဲ့မိသည်။ ထိုတက်တူးသည် ၇ နှစ်လုံးလုံး သူမနှင့် တပူးတွဲတွဲ လိုက်နေခဲ့၏။ ထို ၇ နှစ်လုံး သူမခန္ဓာကိုယ်ဟာ မည်သို့လှကြောင်း သက်သေပြရန်ပင် နည်းလမ်းမရှိခဲ့။
ခုတော့ သူမ၏ ခန္ဓာကိုယ်အစစ်ကို မြင်ဖူးသွားခဲ့ရပြီ။
သူမ အသားအရည် ကောင်းမွန်လွန်းတာကြောင့် သူမကိုယ်တိုင်ပင် အံ့ဩသွားရသည်။ ဒါ့ပြင် ခုက
သူမ အသက်၂၀ကို ပြန်ရောက်နေ၏။
ဒီအရွယ်က မိန်းကလေးတစ်ယောက်အတွက် အသားအရည်အလှဆုံး အချိန် ဖြစ်နေပြန်၏ ။
သူမမျက်နှာပေါ်မှ ပေါင်းတင်ထားသည်ကို ခွာလိုက်ပြီးနောက် ရီဝမ်ဝမ် ရေချိုးကန်ထဲက ရေညစ်တို့ကို ဖယ်ရှားလိုက်ပြီး ရေသစ်ဖြင့် နောက်တစ်ကြိမ် ရေစိမ်လိုက်၏ ။
ထို့နောက် ရေချိုးဝတ်စုံကို လဲလှယ်လိုက်ကာ မိတ်ကပ်စင်ရှေ့ ထိုင်လိုက်သည်။
ဇင်ယော်တောင်မျက်ခုံး၊ ဖြောင့်စင်းချွန်ထက်သည့် နှာတံနှင့် မက်မွန်သီးသဏ္ဍာန် နီရဲနူးညံ့သည့် နှုတ်ခမ်းသားလေးတို့ သည် မှန်ထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ။ အံဩစရာအကောင်းဆုံးမှာ သူမ၏မျက်လုံးတစ်စုံသည် ကြက်ခွပ်လှိုင်းများထနေသည့် ဆောင်းရေကန်ပမာ ရွှန်းလက်နေခြင်းပင်။