Chapter. : 91 + 92
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၉၁ : သူမကို အောက်ချလိုက်
စားသောက်ဆိုင်သည်လည်း ပိတ်ဖို့ အချိန်နီးနေပြီ ။ သူတို့နှစ်ယောက်သည်သာလျှင် ရှိနေကြပါတော့၏ ။
အခုတလော ရီဝမ်ဝမ်သည် အချိန်မှန်မှန် အိပ်ရာဝင်နေကျ ဖြစ်တာမို့ ။
အချိန်ရောက်ပြီဆိုသည်နှင့် အိပ်ငိုက်ကျလာပြီး သူမသည် အိပ်ပျော် သွားနေကျပါတည်း ။
သို့ရာ ။ ထပ်စောင့်ရင်းထပ်စောင့်ရင်းဖြင့် ဘယ်သူမှ ပေါ်မလာသလို ရီဝမ်ဝမ်ရဲ့ မျက်ခွံတို့သည်လည်း လေးသထက်သာလေးလာတာမို့ ။
အစဦးတော့ သူမသည် မေးစေ့တို့ကို လက်နှင့်ထောက်လိုက်သေး၏။ ထို့နောက်တွင်တော့ စားပွဲပေါ် မှောက်ကျလာပြီး တစ်ဆက်တည်း အိပ်ပျော်ခြင်းသို့ ရောက်သွားတော့သည် ။
လင်းဒုံသည်ကား အစကတော့ တစ်ချိန်လုံး သဲကြီးမဲကြီးဖြင့်
နာရီကိုသာ ရှုစားနေပါ၏ ။ သူ မော့ကြည့်လိုက်မိသည့်အချိန် ။ ရီဝမ်ဝမ်သည်ကား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပေပြီ ။
မိန်းကလေး အိပ်ပျော်နေသည့်ပုံလေးကို သူ စိုက်ကြည့်လို့ နေရင်း ထိုညက လျှပ်တစ်ပြက် မြင်လိုက်ရပုံလေးသည် သူ့ရဲ့ခေါင်းထဲတွင် ပေါ်လာရကား ။ သူ၏နားရွက်တို့ စတင်နီရဲလာတော့၏ ။
သူမလေးသည် သူ့ကို ညာနေခဲ့တာ ဟုတ်ရိုးမှန်လျှင် သူ့ရဲ့ကောင်မလေး ဖြစ်ပေးမည်ဟု သူမ ဗြောင်ကျကျ ပြောထားသည်တည်း ။
သူမလည်း ငါ့ကို တကယ် ကြိုက်နေလို့များ သဘောတူခဲ့တာလား ?
လင်းဒုံ ။ အချိန်ကို တစ်ဖန်ကြည့်လိုက်မိရင်း အတော်လေး စိတ်လှုပ်ရှားလာပြီး ။ စိတ်ခံစားချက်တို့ ရောပြွမ်းစွာဖြင့် မိန်းကလေးရဲ့မျက်နှာလေးဆီ လက်လှမ်းလိုက်စဉ် ။
ESTÁS LEYENDO
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...