အခန်း ၂၁ + ၂၂ + ၂၃
20.9K 1.9K 48
အခန်း ၂၁ : သူမရဲ့ မှတ်မိနိုင်စွမ်း
တခနမျှ တိတ်ဆိတ်သွားပြီးနောက် ရီဝမ်ဝမ် ပြောလာသည်။
" မိဘတူသားသမီးဆိုတာကတော့ ဟုတ်ပါပြီ......ဒါဖြင့် ဆရာတူတပည့်ဆိုရင်ရော ကျွန်မ မမှားပါဘူးနော်? F အတန်းက တစ်ကျောင်းလုံးမှာ အညံ့ဆုံး အတန်းပဲ။ ဒါကိုရော ဘယ်လိုမြင်လဲ ၊ မိန်းကလေး လျန်? "
" နင်... နင် အရိုင်းစိုင်းမ ! " လျန်လီဟွာ သူမအသံတွေ ပြတ်တောက်သွားရတဲ့ အထိပင် သူမ အရမ်း ဒေါသထွက်လာပါပြီ။
ဒီသုံးစားမရတဲ့ မိန်းကလေးက ငါ့ရဲ့ သင်ကြားနည်းစနစ်ကို ဘယ်လိုတောင် စော်ကားရဲရတာလဲ!
F အတန်းက တခြားအတန်းတွေကြားမှာ အညံ့ဆုံးဖြစ်နေတာကြောင့် သူမအတွက်လည်း အမြဲပင် မျက်နှာငယ်စရာ ဖြစ်နေခဲ့ရ၏ ။
အတန်းထဲက ကျောင်းသားအားလုံးလည်း တိတ်ဆိတ်သွားကြကာ.
သောက်ကျိုးနဲ....
ဒီရီဝမ်ဝမ်က တကယ်ပဲ အတန်းပိုင်ဆရာမကို ပြန်ပြောရဲတာပဲ.....
အအော်အငေါက်ခံလိုက်ရတိုင်း အသံတစ်သံတောင် မထွက်ရဲတဲ့ ရီဝမ်ဝမ်မှ ဟုတ်သေးရဲ့လား?
လျန်လီဟွာ အေးစက်စက် ရယ်ချလိုက်ကာ
" ရီဝမ်ဝမ် ၊ ငါ နင့်ကို မကိုင်တွယ်နိုင်ဘူးများ ထင်နေတာလား? ချင်းဟော်အထက်တန်းကျောင်းရဲ့ ၀င်ပေါက်မှာ သွားရပ်နေဖို့ ငါ အမိန့်ပေးတယ် ! "
ရီဝမ်ဝမ် ခပ်ပျော့ပျော့လေး ရယ်ချလိုက်ပြီး လျန်လီဟွာကို ကြည့်ကာ
" ဘာက ရှင့်ကို ရပ်တန့်နိုင်လိမ့်မလဲ ၊ မိန်းကလေးလျန်? ရှင်က ဒီလောက်တောင် အင်. အား. ကြီး. လှ. တာ ။ ဟုတ်တာပေါ့။ ရှင့် အနေနဲ့ ကျွန်မလို ကျောင်းသားတစ်ယောက်ကို ကိုင်တွယ်နိုင်တာပေါ့ "
လျန်လီဟွာနဲ့ ကျောင်းအကြီးအကဲရဲ့ ခိုးကြောင်ခိုးဝှက် ဆက်ဆံရေးအကြောင်း သိသိသာသာ အရိပ်အမြွက်ပြလိုက်ရင်း
" ရှင်က ဒီလောက်တောင် အင်. အား. ကြီး. လှ. တာ " ဆိုသည့် စကားကို ရီဝမ်ဝမ် အသံဖိ၍ ပြောလိုက်ခြင်း။