အခန်း ၉၅ + ၉၆
18.5K 2.1K 103
Chapter. : 95 + 96
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၉၅ : ငါ ဂေးဖြစ်တော့မယ် !
" ဘယ်သူလဲ " ကောင်လေးသည် စွပ်ကျယ်အင်္ကျီနှင့် အတွင်းခံဘောင်းဘီ ဆိုဒ်ကြီးကို ၀တ်ဆင်ထားရင်း ။ အိပ်ချင်မူးတူးမျက်နှာဖြင့် တံခါးကို ဆွဲဖွင့်လိုက်လျှင် ။
တံခါးက လူသည် စီရှား ဖြစ်နေတာကို မြင်သွားပြီးနောက် ။ တစ်ခနလောက် ကြက်သေ, သေသွားမိပြီးမှ ။
" အား စီရှား...."
ယောက်ျားလေးအဆောင်မို့ ယောက်ျားလေးတွေ အခန်းလည်ပြီး စကားစမြည် ပြောဆိုကြသည်မှာ ပုံမှန်ပင် ဖြစ်ပါ၏ ။
သို့သော် သူ့အရှေ့တွင် ရပ်နေသည်ကား ။
ကျောင်းက မိန်းကလေးတိုင်းရဲ့ အိပ်မက်မင်းသားလေး ။ ယောက်ျားလေးတိုင်းအတွက် ဘုံရန်သူကြီး ဖြစ်နေချေသည် ။
ပြီးတော့ သူ့ရဲ့မိသားစုနောက်ခံသည် ကျောင်းက
နတ်ဘုရားမလေး ချန်းရွှေ လို ရှင်းရှင်းလင်းလင်း မရှိလှ ။
သူသည်ကား သူတို့နှင့်မတူညီသည့် လုံးဝ သီးခြားကမ္ဘာတစ်ခုမှ လာသည့်နှယ် ။ စီရှားသည် တစ်ယောက်ထဲသာ နေတတ်သည်မို့ သူတို့နှင့်အတူ လျှောက်လည်ပတ်လေ့လည်း မရှိတတ်ရကား ။ ညသန်းခေါင်အချိန်ကြီး အခန်းလာလည်ဖို့ဆိုသည်ကတော့
ဝေလာဝေး ။
ဒီလောက်အချိန်မတော်ကြီး သူ ဒီကို ရောက်လာတာမို့ ကောင်လေးသည် သိသိသာသာကို အံ့ဩသွားရပြီး ။
" တစ်ခုခု လိုလို့လား ? "
" လင်းဒုံကို လာရှာတာ " စီရှား ပြန်ဖြေလိုက်ခြင်း ။
" အိုး ။ အကို ဒုံ ကို လာရှာတာလား ။ သူလည်း ခုနလေးကမှ ပြန်ရောက်တယ် ။ အဲ... " ကောင်လေးသည် သူ့ရဲ့ခေါင်းကို ကုတ်လိုက်ပြီး ပိုလို့ပင် စိတ်ဖိစီးလာလေဟန် ။