Chapter. : 40 + 41
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၄၀ : အနမ်း နှစ်ပွင့်
အမှန်တော့ သူမသည် စီရီဟန်နိုးလာတိုင်း သူ ဘယ်လောက် စိတ်တိုတတ်သည် ဆိုတာကို သိပြီးသားပင်။ သို့သော် သူမ ခုတော့ နည်းနည်းလေးမှ ဂရုမစိုက်နိုင်တော့ ။
" စီရီဟန် ၊ တံခါးဝမှာ တစ်ယောက်ယောက် ရောက်နေတယ်။
ရှင် ခနလောက် ပုန်းနေပေးပါလား ? "
သူမ ပြောတာကို ကြားပြီးနောက် မကောင်းဆိုးဝါးကြီးရဲ့အမူအရာသည် သေချာပေါက် ကမ္ဘာမြေပြင်ကို ဖျက်ဆီးပစ်တော့မည့် ဟန် မှုန်ယိုလို့ လာပြန်ရကား။
ရီဝမ်ဝမ် သူမ လက်ဖ၀ါး နှစ်ဖက်ကို ယှက်လိုက်ပြီး ရိုးရိုးရှင်းရှင်းလေး တောင်းပန်ရတော့၏ " ကျေးဇူးပြုပြီး ၊ ကျေးဇူးပြုပြီး ! "
သူရဲ့မျက်နှာကား စိတ်တိုနေပြီး မည်းမှောင်နေဆဲ။
ရီဝမ်ဝမ် သူ့အပေါ် မှီချလိုက်ပြီး အရှင်ကြီးရဲ့ နှုတ်ခမ်းသားတို့အပေါ် အနမ်းတစ်ခု ဖူးပွင့်ပေးလိုက်ကာ " ဟုတ်ပြီလား ? "
မိန်းကလေးရဲ့ မျက်ဝန်းတို့မှာ စိုစွတ်လာပြီး သူမရဲ့ အသံလေးကား ချိုမြိန်နေကာ အရမ်းပင် နူးညံ့လွန်းသည်မှာ အနှီလူသား၏ နှလုံးသားကြီးပင် ပျော်ကျလုမတတ်။
စီရီဟန်ရဲ့ ဒေါသတို့သည် ချက်ချင်းပင် ပြယ်လွင့်သွားပုံ ပေါ်သော်ငြား သူ့ရဲ့အမူအရာကတော့ အေးစက်လို့နေဆဲ။
အိုး ၊ ဒီမိန်းမကတော့ ။ ငါက ဒီလောက် လွယ်လွယ်လေးနဲ့ လိုက်လျောပေးလိမ့်မယ်လို့များ ထင်နေတာလား ?
စီရီဟန်ရဲ့ အေးစက်စက် ထူးမခြားနား မျက်နှာကို မြင်လိုက်ရတာကြောင့် ရီဝမ်ဝမ် စိုးရိမ်သွားကာ သူ့အပေါ် ထပ်မှီချလိုက်ပြီး နောက်အနမ်းတစ်ခု စိုက်ပျိုးပေးလိုက်ပြန်သည်။
" ဟင်လို့ ! "
စီရီဟန် : " ကောင်းပြီ "
ရီဝမ်ဝမ်၏မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်မှုကြောင့် လင်းလက်သွားတော့၏ ။
VOCÊ ESTÁ LENDO
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...