Chapter. : 46 + 47
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၄၆ : ရှင် စိတ်ဆိုးနေတဲ့ပုံရဲ့ ဆယ်ပုံတောင် မမှီဘူး ~
မနက်စာစားပြီးနောက် ရီဝမ်ဝမ် စာသင်ခန်းဆီ လျှောက်သွားလိုက်၏။
စာသင်ခန်း တံခါးမှ ၁၀ လှမ်းလောက် အကွာ ရောက်သည့်အချိန် ပြတင်းပေါက်မှ ပြူထွက်လာပြီး ဟိုကြည့်ဒီကြည့်လုပ်နေသည့် ခေါင်းတစ်ချို့ကို ရီဝမ်ဝမ် မြင်လိုက်ရသည်တွင်။
သူမကို မြင်သွားကြသည့် ခေါင်းတွေသည် ရှော့ရသွားပုံရကြပြီး အသီသီး ပြန်လျိုဝင်သွားကြလျက်။
ထို့နောက် ရုတ်ခြည်း ထူးဆန်းစွာပင် တိတ်ဆိတ်သွားကြ၏ ။
စာသင်ခန်းတံခါးမှ ၃ လှမ်းအကွာ ရောက်စဉ် သူမ ဆက်လျောက်တော့မည့်အခိုက် သူမရဲ့မျက်လုံးတို့သည် သူမခေါင်းအထက်က တံခါးဘောင်ပေါ် မတော်တဆ ကြည့်လိုက်စဉ်။
သူမ ရပ်သွားသည်နှင့် အတန်းထဲမှာ လုံးဝ တိတ်သွားပုံမှာ
သူတို့တွေ ၀င်ပေါက်ကြီးကို စောင့်ကြည့်နေသည့်နှယ်။
မနေ့ကသာဆိုရင်တော့ သူမ ကံမကောင်းနိုင်ဘဲ ဒီအတန်းဖော်တို့ကြောင့် ဒုက္ခကြီးကြီး ရောက်ပေလိမ့်မည်။
ဒီလူတွေ သူမကို ပြက်ရယ်မပြုမှသာ အံ့ဩစရာကောင်းလိမ့်မည်။
ရီဝမ်ဝမ် စိတ်မပူစွာ တံခါးနားမှာ ရပ်မြဲအတိုင်း။
တအောင့်အကြာ ခေါင်းတွေပြူထွက်လာပြန်ပြီးနောက်
ဂရုတစိုက်နှင့် လျင်လျင်မြန်မြန် ပြန်လျိုဝင်သွားကြပြန်၏ ။
မကြာခင် သင်ခန်းစာစတော့မည်ဖြစ်ကြောင်း
ကျောင်းခေါင်းလောင်းသံ မြည်လာရကား။
သူမနောက်မှ လူသည် ထိတ်လန့်စွာဖြင့်။ " အမလေး ကြီးတော် ! ကယ်ပါဗျ ! အာ ၊ ခင်ဗျား.....ရီဝမ်ဝမ်....."
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...