စာစဉ် ၅ ( 13 )
15.1K 1.6K 17
Book. : 5
Chapter. : 13
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၁၃ : ဟယ်လို ၊ ကျန်းဘင်
သူမအရှေ့က အမှန်တရားဘွင်းဘွင်းကြီးနှင့်အတူ ။
သခင်မကြီး စုန့် ။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြိုကျသွားသလို ခံစားလိုက်ရပါတော့၏ ။ သူမ ကျန်းယန်ရန်ကို ဘယ်လိုမျိုး ရိုက် ချပစ်ခဲ့ပုံ ၊ သူမ ဘယ်လိုမျိုးပြောဆိုပစ်ခဲ့ပုံကို တွေးမိသည့်အခါ ။ သူမအူတွေ ကပြောင်းကပြန်ဖြစ်သွားမိတော့လောက်အောင်ထိ အလွန်ပင် နောင်တရကြေကွဲဝမ်းနည်းသွားမိရတော့၏ ။
သူမရဲ့ဒေါသတရားနဲ့ ကြောက်လန့်မှုအောက်မှာ သူမရဲ့အမုန်းတရား တွေအားလုံးကို ထိုမိန်းမဆီ လွှဲပြောင်းပစ်လိုက်တော့လေပြီ ။ အခု ။ သူမ ရှန်းမန်ချီဆီ မာန်သွင်းသွားလိုက်ပြီး သူမရဲ့ဆံပင်ကို ဆောင့်ဆွဲ ပစ်ကာ ။ " အရှက်မရှိတဲ့ခွေးမ ! နင်က ငါ့သားကို ဖြားယောင်းခဲ့တဲ့ သူမှတ်လား ? ! နင့်ကို သေအောင်ကို ရိုက်ပစ်မယ် ၊ ကောင်မ ! ဒီလောက်အသက်ငယ်ငယ်လေးနဲ့ တစ်ယောက်ယောက်ရဲ့ ခင်ပွန်း လောင်းကို ဖြားယောင်းတတ်နေပြီပေါ့ ! နင့်မိဘတွေ နင့်ကို ဘယ်လို မွေးထားကြတာလဲ ? "
ရီဝမ်ဝမ် ပြုလိုက်သည့် မှတ်ချက်စကားတစ်ခွန်းသည် ဒီလောက်ထိ သက်ရောက်မှုရှိသွားနိုင်မည်ဟု ရှန်းမန်ချီ မျှော်လင့်မထားမိခဲ့ပါချေ ။ သခင်မကြီး စုန့်ကြောင့် သူမရဲ့ဦးရေခွံ ကျွတ်ထွက်တော့မည့်နီးပါး ဖြစ်လာကာ သူမသည် နာကျင်မှုတို့ကြောင့် စူးစူးရှရှအော်ဟစ်လေ တော့ပြီ ။ " အာ ကျွန်မ... ကျွန်မ... ကျွန်မ မသိပါဘူး... ကျွန်မ ဘာကိုမှ မသိခဲ့ပါဘူး... "
" မသိဘူး ? ! အခုထိကို ဟန်ဆောင်နေသေးတုန်းပဲလား ? ! ငါတို့ကျီဟန်က မင်း တွယ်တက်လို့ရမယ့် အခွင့်ကောင်းကြီးဆိုတာကို မြင်ထားတယ်မှတ်လား ။ နင့်လိုလူတွေအများကြီးကို တွေ့ဖူးပြီးသား!"