Book. : 5
Chapter. : 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၁၆ : မျက်နှာဖုံး ကွာကျခြင်း
ကျွန်မ သူ့ကို ပြောထားပြီးသားပါ ။ ဒါပေမယ့် နားမ၀င်ဘူး !
မောင် ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီလိုပြောထွက်ရတာလဲ ?
မောင်က ကျွန်မကိုမှ အယုံအကြည်မထားနိုင်ဘူးဆိုရင်တော့
ကျွန်မတို့ ပြတ်လိုက်ကြတာပေါ့ ! "
" ကိုယ်... ကိုယ်... ကိုယ် ယုံပါတယ် ! မန်ချီကလည်းကွာ ၊ စိတ်မဆိုးပါနဲ့ ! ကိုယ်က စုန့်ကျီဟန် လိုက်လိုက်အနှောင့်အယှက် ပေးနေတာကို ခံပြင်းမိလို့ပါ ! ချစ်လေးမှာ ရည်းစားရှိနေတာကို သိနေရဲ့သားနဲ့တောင် သူက အလွတ်မပေးဘူး ? အဲဒီလိုလူမျိုးက အရိုက်ခံရသင့်တာ —— ကိုယ် အဲ့နေ့ကို စောင့်နေဦးမယ် ! "
" မလောပါနဲ့ ! သူက ယန်ရန်ကျိတ်ချစ်နေတဲ့သူပဲဟာ ။ ပြီးတော့လည်း ကျွန်မ အကျယ်အကျယ်တွေမလုပ်ချင်ဘူး ။ သူ ကျွန်မကို ဆက်ပြီး နှောင့်ယှက်နေတော့ရော ဘာဖြစ်သလဲ ? ရှင်ကသာ ကျွန်မ ချစ်တဲ့သူ ! ရှင်ကသာ ကျွန်မရဲ့ချစ်သူ ၊ သူ မဟုတ်ဘူး ! ထပ်ပြီး ဒေါသတွေ ထွက်မနေနဲ့တော့နော်ဟုတ်ပီလား ၊ ဟင်လို့ ? "
" အဲဒါဆို ကိုယ့်ကို နမ်း... "
နောက်ပိုင်းသည်ကား ရှန်းမန်ချီနဲ့ကျန်းဘင်တို့ရဲ့ ပလီပလာချွဲတဲ့တဲ့ ချစ်စကားတွေပါတည်း ။ ကျန်းဘင်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အကျယ်ကြီး ဆက်ကာဆက်ကာ ဖွင့်နေလေရာ ။
" ပိတ်လိုက်တော့ ! အခုချက်ချင်း ပိတ်လိုက်တော့ ! " ရှန်းမန်ချီသည်ကား ။ အသံသွင်းထားတာကို ကြားလိုက်ရသည့်အချိန် ။ ရူးသွပ်သွားမိတော့မည့်နီးပါးပင် ။ သူမ ကျန်းဘင်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်ပါ၏ ။ " ဘာလို့လဲ ? ! ရှင် ဘာလို့ ဒါကို အသံသွင်းထားရတာလဲ ? ! "
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...