အခန်း ၂၇ + ၂၈ + ၂၉
20.8K 2.1K 63
Chapter. : 27 + 28 + 29
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၂၇ : သင်္ချာ
ဒီမိန်းမ ၊ သူမမျက်နှာက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတဲ့ဟာ၊ အကျီကို အဖြူရောင်ကြီး ၀တ်လာရသလား ? ! သူမကြောင့် လူတွေအကုန်လုံး အကြောက်လွန်ပြီး အသက်ထွက်ကုန်တော့မှာပဲ !
စီရှားရဲ့တုံ့ပြန်ပုံကို မြင်လိုက်ရသည့်အခါ ရီဝမ်ဝမ် စိတ်တို့ ကြည်လင်လာရ၏ ။
သူမ အခန်းထဲမှာ ၇ ရက်နှင့် ၇ ည တိတိ စာကြည့်ခဲ့ရတာကြောင့် ကန်းသွားတော့မတတ် ခံစားနေရကား ။
စီမိသားစုမျိုးနွယ်ပီပီ ကြည့်ကောင်းလှသည့် ဤသကောင့်သားကြောင့် မျက်စိအာရုံကို ပသာဒဖြစ်သွားခဲ့ရ၏ ။
ရီဝမ်ဝမ် သူ့ကို ပြုံးပြလိုက်ပြီး " ငါတို့ကျောင်းက မင်းသားလေးက သရဲတွေကို ကြောက်တတ်မယ်လို့ မထင်ထားမိဘူး ? "
သူမပြုံးလိုက်သည်မှာ ပိုလို့ပင် ကြောက်ဖို့ကောင်းသွားရကား........
စီရှား အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် သူ သူမဘက်သို့ လှည့်၍ ထေ့ငေါ့လိုက်ပါ၏ " အနည်းဆုံးတော့ မင်းကိုယ်မင်း သရဲနဲ့ တူမှန်း သိသေးတယ်ပေါ့ "
ဘာပဲဖြစ်ဖြစ် သူ ဒီတစ်ကြိမ် သူမနဲ့ ဟိုးအဝေးကြီးမှာ ထိုင်နိုင်အောင် ကောင်းကောင်းကြိုးစားမှပဲ !
ဒီနေရာမှာ သူ နောက်ထပ် တစ်ရက်ကလေးမှ ဆက်မနေနိုင်တော့ဘူး !
ထိုစဉ် ခေါင်းလောင်းတီးလိုက်သည်ကြောင့် အခန်းစောင့်ဆရာတွေ မေးခွန်းစာရွက်များ စတင်ဝေကြတော့ပြီ ။
မနက်ပိုင်းတွင် ဖြေဆိုရသည်က အထွေထွေဗဟုသုတ စာမေးပွဲ။
ရီဝမ်ဝမ် မေးခွန်းတွေကို မဖြေခင် စာရွက်တစ်ရွက်လုံးကို အရင် ဖတ်လိုက်သည်။
ထို့နောက် ဘောပင်ကိုကိုင်လိုက်ကာ စာစရေးဖို့ လုပ်လိုက်စဉ် ဘေးနားမှာထိုင်နေသည့် စီရှားမျက်လုံးထဲတွင် အံ့ဩရိပ်တို့ သမ်းသွား ရ၏ ။